ပစ် |
September 27, 2010
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ကာတွန်းဇာတ်လမ်းတို ဖြန့်ချိ
မင်းနိုင်သူ| စက်တင်ဘာ ၂၇၊ ၂၀၁၀
ဘုရင့်နောင်၊ အနော်ရထာနှင့် အလောင်းမင်းတရား မင်းသုံးပါးတို့ တည်ရှိရာအရပ်တွင် နေလုံးက မြင့်တက်လာသည်။ နေထွက်နေပြီ။ ထို့နောက်တွင်တော့ ဘုရားရုပ်ပွားတော် တဆူ။ မြင်ကွင်းကို ဆက်ချဲ့ကြည့်လိုက်သောအခါ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ရုပ်တုများနှင့် သာသနာပွဲခေါ် အုန်း၊ ငှက်ပျောနှင့် ထီးဖြူထိုးစိုက်ထားသည့် ဇလုံကြီး သုံးလုံး။

NLD ၂၂ နှစ်ပြည့် ကျင်းပ
ဦးတင်ဦး အိမ်၌ ကျင်းပသော NLD ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဦးဝင်းတင် အမှာစကား ပြောကြားနေစဉ်။ (ဓာတ်ပုံ - Reuters) |
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားကို ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ယနေ့ကျင်းပကြောင်း သတင်းရရှိသည်။
မြန်မာ့အရေး အလေးထားရန် အိန္ဒိယကို တိုက်တွန်း
နယူးဒေလီမြို့တွင် ကျင်းပသော မြန်မာ့အရေး အလုပ်ရုံ ဆွေးနွေးပွဲ။ (ဓာတ်ပုံ - ဧရာဝတီ) |
မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အိမ်နီးချင်း အိန္ဒိယနိုင်ငံအနေဖြင့် မှန်ကန်သော တုံ့ပြန် တိုက်တွန်းမှုများ ပြုလုပ်သင့်ကြောင်း အိန္ဒိယရှိ မြန်မာ့အရေးလှုပ်ရှားသူများက ပြောဆိုလိုက်သည်။
မွန်သံဃာတပါးကို ထောင်ဒဏ် ၁၅ နှစ်ချ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း သံဃာနှင့် ရန်ကုန်လူထု (photo - robertamsterdam.com) |
ဝန်ထမ်းများထံမှ ကြိုတင်မဲစာရင်း ကောက်ယူ
နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် တက်ရောက်နေသော သင်တန်းသား ဝန်ထမ်းများထံမှ သက်ဆိုင်ရာ ဌာနအလိုက် ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။
“မြန်မာ့မိတ်ဆွေများ” ဆွေးနွေးပွဲ မျှော်လင့်ချက် နည်း
နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ နားချိန် နေ့လည်စာ စားစဉ်တွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမန်း ပြောနေသည်ကို နားထောင်နေသော အမေရိကန် သမ္မတ အိုဘားမား။ (ဓာတ်ပုံ - Getty Images) |
စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် လတ်တလော မြန်မာ့အခြေအနေများကို ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ၁၄ နိုင်ငံပါဝင်သည့် “မြန်မာ့မိတ်ဆွေများအဖွဲ့” တို့က နယူးယောက်မြို့၌ စက်တင်ဘာ ၂၇ ရက်နေ့ (အမေရိကန် စံတော်ချိန်) တွင် တွေ့ဆုံစည်းဝေးရန်ရှိကြောင်း သတင်းရရှိသည်။
AFC ဖလား ဘောလုံးပြိုင်ပွဲ ရတနာပုံ ဗိုလ်စွဲ
AFC ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ရတနာပုံ ဘောလုံးကလပ်အသင်းနှင့် ဒိုဒွိုင်း - ဘစ်ရှက် အသင်းတို့ အကြိတ်အနယ် ကစားနေကြစဉ် (ဓာတ်ပုံ - ရတနာပုံ FC ဝက်ဘ်ဆိုက်) |
ဧရာဝတီ ဝက်ဘ်ဆိုက် တိုက်ခိုက် ခံရ
ဧရာဝတီ၊ MONDAY September 27, 2010
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ဧရာဝတီသတင်းဌာန၏ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တို့သည် ယနေ့ နံနက် ၁၂ နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခံရသည်။

ငါ့သားကင်မရာ ပြန်ပေး
မောင်လတ်နီ| စက်တင်ဘာ ၂၇၊ ၂၀၀၇
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို
စိုင်းဇွမ်ဆိုင်း၊ SATURDAY September 25, 2010
ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ပြုလိုက်ခြင်းသည် ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စား လိုက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုသည်။

ဟင်္သာတတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး
ဇာနည်မာန်၊ စက်တင်ဘာ ၂၅၊ ၂၀၁၀
ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် တက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ယမန်နေ့ညက သေဆုံးသူ ကို အာဏာပိုင်များက ယနေ့သဂြုင်္ိဟ် စေခဲ့ပြီး ဆူပူမှုဖြစ်မည်စိုး၍ လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သတင်းရရှိ သည်။

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း
ရန်ပိုင်၊ စက်တင်ဘာ ၂၄၊ ၂၀၁၀
ပဲခူးတိုင်း သာယာဝတီမြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့်အတွက် တစည ပါတီက အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က သာယာဝတီမြို့နယ် မြောက် ၀ါးလေးရုံရွာရှိ “တစည” ပါတီဝင် ၁၆ ဦး၏ ပါတီဝင်ကတ်ပြားများကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးစန်းဝင်းက သိမ်းယူပြီး ပါတီပြောင်းခိုင်းသည့်အတွက် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သာယာဝတီ မြို့နယ် တစည ပါတီ စည်းရုံးရေးမှူး ဦးလှကြိုင်က ဧရာဝတီသို့ ပြောသည်။
“မင်းတို့ ကြံ့ခိုင်ရေးကလွဲရင် တခြားဘယ်ပါတီမှ မ၀င်ရဘူး၊ “တစညပါတီ” နိုင်လည်း ရှုံးမှာပဲ၊ ငါတို့ ကြံ့ဖွံ့ နိုင်ရင် “တစည” ဘာဖြစ် သွားမလဲ သိလား”ဟု ဦးစန်းဝင်းက ပြောကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တစည ပါတီဝင်များသည် ၎င်းတို့ ပါတီဝင်ကတ်များကို ပြန်လည်တောင်းခံသော်လည်း ဦးစန်းဝင်းက သာယာဝတီမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ပြန်မပေးနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု သိရသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီ ၏ အနိုင်အထက် ပြုကျင့်မှုများပိုမို များပြားလာ သည့်အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အပြင် သုံးဆယ်မြို့ ရဲစခန်းတွင်ပါ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးလှကြိုင်က ဆက်လက်ပြောသည်။
သာယာဝတီခရိုင် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကလည်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အကြောင်းကြားထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ယခုကိစ္စမှာ မိမိတို့ ကော်မရှင်မှ အရေးယူ၍ မရသည့်အတွက် ရဲစခန်းတွင်သာ အမှုဖွင့်တိုင်ကြားပါဟု တစည ပါတီကို ပြောကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။
“တစည”ပါတီသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲပြီး ၁၉၈၈ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်း ပါတီတွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးထွန်းရီ၊ ဦးသန်းတင်၊ ဦးချစ်လှိုင်စသည့် ဗိုလ် ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။
သာယာဝတီမြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်းစည်းရုံးရေးမှူး ဦးဝင်းသန်းကလည်း“ တခြား ပါတီတွေ စည်းရုံးရေး ဆင်းရင်၊ ဟောပြောပွဲလုပ်ရင် နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ အသံချဲ့စက် ငှားမရအောင် လုပ်တယ်၊ လူထုမလာ ရဲအောင် ရဲသတင်းဖွဲ့က ဗီဒီယိုရိုက်ပြီး အနှောင့်အယှက် ပေးတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီသည် ကျန်သည့် ပါတီများစည်းရုံးရေး မဆင်းနိုင်အောင် ပြုလုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုသော လက်ရှိအာဏာရရှိနေသူများ ပါဝင်နေသည့် ပါတီ အနေဖြင့် ထိုသို့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
သာယာဝတီခရိုင်တွင် ကြံ့ဖွံ့ပါတီ ၊ တစည ပါတီ၊ ဒီမိုကရက်တစ် ပါတီ( မြန်မာ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Subscribe to:
Posts (Atom)