![]() |
| ပစ် |
Subscribe to:
Post Comments (Atom)
ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်နှင့် မြန်မာဘာသာ ဝက်ဘ်ဆိုက် http://www.irrawaddy.org နှင့် http://www.irrawaddy.org/bur/ သည် DDoS (Distributed Denial of Service) နည်းပညာဖြင့် ယနေ့နံနက် ၁၂ နာရီခွဲခန့်တွင် တိုက်ခိုက်ခံခဲ့ရသည်။ ဧရာဝတီ၏ ကိုယ်ပွားဆိုဒ်များဖြစ်သော http://www.irrawaddymedia.com နှင့် http://www.irrawaddymedia.com/bur တို့လည်း အလားတူ ထပ်မံ တိုက်ခိုက်ခံခဲ့ရသည်။ သံဃာတော်များ၏ ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်ပြည့်ကာလတွင် တိုက်ခိုက်ခံရသည်ဟု ယူဆရသည်။ ယခုကဲ့သို့ ကြီးကြီးမားမား တိုက်ခိုက်မှုမျိုးကို ၂၀၀၈ ခုနှစ် ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလတွင်လည်း ကြုံခဲ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့သည် သံဃာတော်များ၏ဆန္ဒပြမှုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့သောနေ့ဖြစ်သည်။
0 comments
Post a Comment