ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၈
အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။
KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။
ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။
အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။
အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။
တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။
နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။
ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။
တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။
“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။
သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။
တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။
KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။
ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။
“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။
တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။
ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။
ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။
“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။
October 31, 2008
အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေးပိုမိုတင်းကျပ်
အောင်သက်ဝိုင်း | အောက်တိုဘာ ၃၁၊ ၂၀၀၈
အစိုးရ ၀န်ကြီးဌာန ရုံးအဆောက်အအုံများကို အဓိကပစ်မှတ်ထား ဗုံးဖောက်ခွဲမည့် အကြမ်းဖက်သမားများ ပြည်တွင်းတွင် ထပ်မံရောက်ရှိနေသဖြင့် လုံခြုံရေးသတိပိုမိုထားကြရန် ညွှန်ကြားချက်များ အစိုးရ၀န်ကြီး ဌာနများအတွင်း ထုတ်ပြန်ထား ကြောင်း နေပြည်တော်နှင့် ရန်ကုန် အစိုးရ၀န်ထမ်း အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း တဒါဇင်ထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် အကြမ်းဖက် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်လာသည်ဆိုသော သတင်းများ ရရှိထားသောကြောင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရဲနှင့်စစ်တပ်များ ချထားပြီး လုံခြုံရေး အထူးတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။
“အစိုးရ၀န်ကြီးဌာနနဲ့ စက်ရုံတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုတွေ လုပ်နိုင်တယ်။ အဲဒီတော့ ၀န်ထမ်းတွေ လုံခြုံရေးသတိ ရှိကြဖို့ လိုတယ်ဆိုပြီး စက်ရုံမှူးက ခေါ်ပြောတယ်” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ စက်မှုဝန်ကြီးဌာနပိုင် အစိုးရစက်မှု ကုန်ထုတ်စက်ရုံမှ ၀န်ထမ်းတဦးကပြောသည်။
စက်တင်ဘာလက ရဲကား၊ စစ်ကားများဖြင့် လက်နက်အပြည့်အစုံ တပ်ဆင် ကင်းလှည့်ခဲ့သော်လည်း ယခုအခါ အစိုးရ ၀န်ကြီးဌာနပိုင် အဆောက်အအုံများ၊ သံရုံးများ၊ လမ်းဆုံလမ်းမများနှင့် အထင်ကရ နေရာများတွင်သာ အဓိကထားပြီး လုံထိန်းများကို ချထားတော့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက အတည်ပြုပြောဆိုသည်။
“အခု လုံခြုံရေးမြှင့်တာက ဗုံးခွဲမယ့်ရန်ကြောင့် အဓိကပဲ။ စက်တင်ဘာတုန်းကလို ရဲကားတွေနဲ့ လမ်းတွေပေါ်လှည့်တဲ့ လုံခြုံရေးမျိုးတော့ မဟုတ်ဘူး” ဟု ထို ရဲအရာရှိကပြောပြသည်။
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံအတွင်းတွင်လည်း နယ်မြေခံရဲများနှင့် ဈေးအာဏာပိုင်များက ပွဲရုံနယ်မြေ အတွင်း ဗုံးဖောက် ခွဲမှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် တင်းကျပ်သော လုံခြုံရေးအစီအစဉ်များ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။
နေပြည်တော်တွင်လည်း အလားတူလုံခြုံရေးတင်းကျပ်မှုများ ရှိနေပြီး လာမည့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ကြံ့ဖွံ့ သင်းလုံးကျွတ် ညီလာခံကြောင့် လူအ၀င်အထွက် များကို အထူးစောင့်ကြပ် သတိထားမှုများရှိကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။
“နေပြည်တော်တ၀ိုက်ကတော့ အမြဲတမ်း လုံခြုံရေးရှိနေပါတယ်။ ဒါပေမယ့် အောက်တိုဘာလကစပြီး လုံခြုံရေးယူတဲ့ ရဲနဲ့ စစ်သားတွေ တအားများလာတာကို သတိထားမိတယ်” ဟု နေပြည်တော်အစိုးရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိကြီးတဦး၏ မိသားစုဝင်တဦးကပြောသည်။
မြန်မာနိုင်ငံရဲချုပ် ဗိုလ်မှူးချူပ်ခင်ရီက နေပြည်တော်ရှိ အစိုးရအဆောက်အအုံများ၊ ရေကာတာကြီးများ၊ ဆည်ကြီးများကို အကြမ်းဖက်ဖျက်ဆီးမည့် ပြည်ပအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို အချိန်မီတားဆီးနိုင် ခဲ့ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ၁/၂၀၀၈ တွင်ပြောကြားခဲ့သည်။
“အစိုးရက ဖောက်ခွဲမှုတွေဖြစ်မယ်၊ ဖောက်ခွဲရေးသမားတွေ ရောက်နေပြီလို့ ပြောပြီးတိုင်း ဗုံးပေါက်ကွဲ မှုတွေက အမြဲတမ်း ဖြစ်တယ်။ ပြီးတော့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေက လုပ်တာ၊ NLD က လုပ်တာဆိုပြီး ရှင်းတယ်။ အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် ဒီလို ဗုံးပေါက်ကွဲမှုတွေက အစိုးရရဲ့ နိုင်ငံရေး ကစားကွက်ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့မှ အထက်တန်းရှေ့နေ တဦးက သုံးသပ်သည်။
ပြည်တွင်း သတင်းမီဒီယာလောကမှ အယ်ဒီတာတဦးက လမ်းမကြီးများနှင့် အထင်ကရ နေရာများတွင် ရဲနှင့် စစ်သားများ လုံခြုံရေးယူနေသည့် မြင်ကွင်းမှာရန်ကုန်မြို့ခံများအတွက် အထူးအဆန်း မဟုတ်တော့ဘဲ ဖြစ်ရိုးဖြစ်စဉ် သဘောထားလာ ကြောင်း၊ လမ်းမများပေါ်တွင် ရဲနှင့်စစ်သားများ ပျောက်ကွယ်သွားခြင်းကသာ အထူးအဆန်း မြင်ကွင်းမျိုးဖြစ်လာကြောင်း ပြောဆိုသည်။
လုံခြုံရေးများ ဆက်တိုက်တင်းကျပ်ထားသည့် ကြားမှပင် ရန်ကုန်မြို့တော်တွင် ၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းက ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင်လည်းကောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့က မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လည်းကောင်း၊ အောက်တိုဘာလ လကုန်ပိုင်းကရန်ကင်း မြို့နယ်၊ ဘောက်ထော် အားကစားကွင်းအနီးနှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ လူနေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကိုထောင်ပြောင်း
ကိုစိုး | အောက်တိုဘာ ၃၁၊ ၂၀၀၈
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါဝင် အဖွဲ့ဝင် ၉ ဦးအား စစ်အာဏာပိုင်များက တရားရုံး နှောင့်ယှက်မှုနှင့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၆ လစီချမှတ်လိုက်ပြီးနောက် ယနေ့နံနက်တွင် ၎င်းတို့အားလုံးကို မအူပင် ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ယခုကဲ့သို့ ကိုမင်းကိုနိုင်တို့ကို ထောင်ပြောင်းလိုက်ခြင်းသည် မိသားစုဝင်များ အခက်အခဲ ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ထောင်ပြောင်းတယ်ဆိုရင် မိသားစုက အဲဒီကို ပုံမှန်သွားနိုင်မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးအရရော အစားအသောက်ပါ ခက်ခဲသွားတာတွေရှိမယ်၊ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ မိသားစုတွေ ဒုက္ခရောက်အောင်၊ သူတို့ရဲ့ ရှေ့နေတွေ ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ” ဟု ဦးဘိုကြည်က ပြောဆိုသည်။
ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရားစီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲများကို ဦးဆောင်သည့်အတွက် စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆို ခဲ့သည်။

စောင့်ကြည့်ရဦးမည်ဖြစ်သည့် KNU ခေါင်းဆောင်သစ်များ
ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၈
အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။
KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။
ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။
အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။
အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။
တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။
နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။
ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။
တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။
“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။
သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။
တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။
KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။
ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။
“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။
တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။
ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။
ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။
“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။
အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။
KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။
ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။
အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။
အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။
တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။
နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။
ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။
တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။
“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။
သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။
တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။
KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။
ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။
“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။
တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။
ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။
ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။
မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။
“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။
မျိုးဆက်သစ် အရင်းအမြစ်များ မဆုံးရှုံးစေချင်
စိုင်းစိုးဝင်းလတ် | အောက်တိုဘာ ၃၁၊ ၂၀၀၈
မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။
ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။
ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် “ဦးနှောက်ယိုစီးမှု” ပြဿနာ ကြုံ တွေ့ နေကြရသည်။
မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။
ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။
ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ်ကျဆင်းလာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။ ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများတက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။
သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။
အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊ တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။
၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်ကတလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ်ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။
စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။
သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။ ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။
ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြုနိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။
ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သူတို့အဖွဲ့အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက်ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။
၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။
ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။
ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။ ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။
သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။
တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။ သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။
ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။
ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။
ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။
စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma’s Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။
စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။

October 30, 2008
နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ
ကြည်ဝေ | စက်တင်ဘာ ၃၀၊ ၂၀၀၈
မျက်နှာကို လူတယောက်က ပုဆိုးစဖြင့် အုပ်ကာ လက်ဖြင့်အတင်းဖိထားပြီးကျန်လူ ၂ ယောက်က အဓမမ္မပြုကျင့်ခဲ့ကြသည့် အဖြစ်အပျက်ကို ယနေ့ထိတိုင် အော့နှလုံးနာစွာဖြင့် မှတ်မိနေဆဲဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် မညိုညိုဝင်း (အမည် ရင်းမဟုတ်) က ပြောပြခဲ့သည်။
မညိုညိုဝင်းက ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲအုပ်စု အတွင်းမှ ကျေးရွာတရွာတွင် နေထိုင်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေ ၂ ရက်နေ့ညက ပလပ်စတစ် ဆီ ဂါလန်ပုံးအလွတ်ကြီး တပုံး၏ အကူအညီဖြင့် အသက် ရှင်ခဲ့သော်လည်း ၃ ရက်နေ့ ညနေခင်းတွင် မသမာသူ လူ ၃ ဦးကြောင့် အပျိုစင်ဘ၀ ပျက်ခဲ့ရပြီး နွံအိုင်ထဲ ပစ်ချခံခဲ့ရသည် ဟု သူကဆိုသည်။
“ကျမက လာကယ်တဲ့သူတွေ မှတ်လို့ ကယ်ပါ၊ ကယ်ကြပါလို့ လဲနေရာကနေ ခေါင်းထောင်ပြီး အော်မိတယ်၊ အဲဒါနဲ့ ယောက်ျား ၃ ယောက် ကျမနားရောက်လာပြီး ပထမတော့ ကျမနားက နားကပ်ကို ဆွဲဖြုတ်တယ်၊ ပြီးတော့ ကျမတောင်းပန် တဲ့ကြားက ကျမကို မုဒိမ်းကျင့်တော့တာပဲ” ဟု မညိုညိုဝင်းက ရှိုက်ငိုကာ သူ့အဖြစ်အပျက်ဆိုးကို ပြောပြခဲ့သည်။
နွံအိုင်ထဲတွင် တညလုံး အ၀တ်မပါသော ကိုယ်ဗလာဖြင့် နေခဲ့ရပြီး နောက်တနေ့ နံနက်မှ လပွတာမြို့ပေါ်မှ ကယ်ဆယ်ရေး စက်လှေရောက်လာပြီး လပွတ္တာမြို့ပေါ်ရှိ ဘုရားဝင်း အတွင်းမှ ကယ်ဆယ်ရေးစခန်းတခုသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နာဂစ်မုန်တိုင်းကြောင့် အသက် မသေဆုံးခဲ့သော်လည်း မိသားစုဝင်များ ဆုံးရှုံးရခြင်း၊ အိုးအိမ် လုပ်ငန်းများ ပျက်ဆီးခဲ့ရခြင်း စသည်ဖြင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်များသည် နာဂစ်လွန်ကာလများတွင်လည်း အသက်အိုးအိမ် မလုံခြုံမှုများ၊ မတရား ကာမ ရယူခံရခြင်းများ ရှိကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး လူအသေအပျောက် များသော ရွာများ ရှိသကဲ့သို့ အိမ်အမိုးလန်ရုံ သစ်ပင် လဲရုံလောက်သာ ပျက်ဆီးခဲ့သော ရွာများလည်း ရှိသည်။ အပျက်အဆီး အထိအခိုက် နည်းသော ကျေးရွာ များတွင် နေထိုင်သူများမှာ စက်လှေများဖြင့် အသက်မသေဘဲ ကျန်သူများကို သွားရောက် ကယ်ဆယ် ကြသည်။ သို့သော် ထိုရွာများမှ မသမာသူများကတော့ အသေအပျောက်များသော ရွာများသို့ သွားရောက်ပြီး သေဆုံးသူများ ထံမှ ရွှေနှင့် အဖိုးတန်ပစ္စည်းများဖြုတ်ယူကြပြီး မသေဘဲ ကျန်ရစ်သူ အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် အဖြစ်အပျက် များရှိကြောင်း သိရှိရသည်။
မညိုညိုဝင်းကဲ့သို့ပင် မုန်တိုင်းလွန်ကာလတွင် အဓမ္မပြုကျင့်ခံရပြီး လက်စဖျောက်ခံရသော တခြားအမျိုးသမီးငယ်တဦးမှာ အသက် ၁၅ နှစ်အရွယ် ကရင်အမျိုးသမီးငယ် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လပွတ္တာခရိုင်၊ ၀ါးဘိုးကုန်း ကျေးရွာသား တဦးက ပြောဆိုသည်။
မုန်တိုင်းပြီးသော အခါ အသက်မသေဘဲ ကျန်ရစ်ခဲ့သော ထိုအမျိုးသမီးငယ်မှာ အပေါ်အင်္ကျီစုတ်ပြဲသွားပြီး အတွင်းခံဘောင်း ဘီတိုကလေးနှင့် ၀တ်စရာ လုံခြည်၊ အင်္ကျီ လိုက်ရှာရာမှ ပစ္စည်းလိုက်ကောက်နေသူ အမျိုးသားကြီး ၂ ဦးက မုဒိမ်းကျင့်ကာ အဆိုပါ မိန်းကလေးကို ရေနှစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူ ရွာသားက ပြောပြခြင်းဖြစ်သည်။
“အဲဒီအချိန်တုန်းက ကျနော် ကြောက်လွန်းလို့ သေချင်ယောင် ဆောင်နေတာပါ။ သူတို့မှာ တုတ်နဲ့ ဓားရှည် တွေပါတယ်။ သူတို့က သေနေတဲ့ လူတွေဆီကနေ ပစ္စည်းတွေဖြတ်ယူ နေကြတယ်။ ကောင်မလေးကို တွေ့သွားတော့ သူတို့ မတရားလုပ် တာအားလုံးမြင်တယ်။ ဒါပေမယ့် ကျနော် ကြောက်ပြီး ၀င်မကူနိုင်ခဲ့ဘူး” ဟု သူက စိတ်ထိခိုက်စွာ ပြောဆိုသည်။
ထိုအဖြစ်အပျက်ကဲ့သို့ပင် လပွတ္တာခရိုင်၊ ပြင်စလူ မြို့နယ်၊ ကွင်းလျား ကျေးရွာတွင်လည်း အသက် ၁၆ နှစ်အရွယ် ကရင် မိန်းကလေးတဦးကို တပ်မ ၆၆ မှ ဗိုလ်ကြီးတဦးနှင့် နောက် လိုက် ၂ ဦးက အဓမ္မပြုကျင့်ပြီး လယ်ကွင်း ရိုးပြတ်များကြားတွင် သတ်ဖြတ်ကာ ပစ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသော ကွင်းယားကျေးရွာသား တဦးက ပြောပြသည်။
ထိုကိစ္စ မှာ နာဂစ်ဖြစ်ပြီး ၁ လ အကြာ၊ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းဒေသသို့ အသီးသီး ပြန်လွှတ်ပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကို ပြောဆိုပါက ရွာတရွာလုံးကို မီးရှုံ့မည်ဟု ၎င်း ဗိုလ်ကြီးက ခြိမ်းခြောက်ပြောဆို ထားသော ကြောင့် အဆိုပါ ကျေးရွာသားများမှာ ထိုအဖြစ် အပျက်ကို မပြောရဲကြကြောင်း သိရသည်။
ယခုအခါ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ စစ်ဗိုလ်နှင့်နောက်လိုက် ၂ ယောက်အား တပ်မ ၆၆ က လပွတ္တာ နယ်မှ တခြား နယ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကွင်းလျားကျေးရွာသားက ဆိုသည်။
ထို့အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးကို ထိခိုက်လျက်ရှိသော တခြားပြဿနာ တခုမှာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သော ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။
“ကျမတို့ရွာမှာ မသေဘဲကျန်ခဲ့တာ ယောက်ျား ချည်းပဲ ၈ ယောက်ရှိတယ်။ မိန်းမဆိုလို့ ကျမ တယောက်တည်း။ အဲဒါ ဘယ်လိုလုပ်ပြီး ပြန်နေရမလဲ” ဟု နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသော လပွတ္တာ၊ ပြင်စလူကျွန်းမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသူ တဦးက ဆို သည်။
မုန်တိုင်းကြောင့် သေဆုံးကြရသူများတွင် ကလေးများနှင့်အမျိုးသမီးများမှာ သေဆုံးကြသူများ၏ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ယူနီဆက်၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးများမှာ ၅ ပုံ ၁ ပုံခန့် သာ ကျန်ရှိတော့ကြောင်း ပြည်တွင်းအန်ဂျီအိုတစ်ခုမှ စစ်တမ်း ကောက်ယူမှုအရ သိရှိရသည်။
မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအမျိုးသမီးများအတွက် ဘ၀လုံခြုံရေးသည် တစထက် တစ ပိုမိုခက်ခဲ့လာသော အနေအထားမျိုးနှင့် တွေ့ကြုံနေရသည်ဟု အဆိုပါ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
ဒေသဆိုင်ရာ အာဏာပိုင်များက ထိုကိစ္စများအပေါ် အရေးယူဆောင်ရွက်ပေးခြင်း မရှိသော ကြောင့် လက်ရှိအခြေအနေတွင် ခွဲတမ်းပစ္စည်း ဝေပေးသည့်အခါ သွားယူသူ အမျိုးသမီးများ အမျိုးသမီးများအား ရဲဘော်များက လက်ဆွဲခြင်း၊ ပုခုံးဖက်ခြင်း စသဖြင့် ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဆန်ခွဲတမ်းဝေတဲ့နေ့က ရဲဘော်တယောက်က ကျုပ်သမီးကို လိုက်ဆွဲလို့ ဗိုလ်ကြီးကို သွားတိုင်တယ်၊ ဗိုလ်ကြီးက ခင်ဗျား သေချင်နေပြီလား အေးအေးနေလို့ ပြောပြီး ကျုပ်ကို တဲထဲကနေ ဆွဲထုတ်ခိုင်းတယ်” ဟု ကျောင်းကုန်း ကျေးရွာ အုပ်စုတွင် နေထိုင်သူ ကရင် အမျိုးသားကြီးတဦးက ပြောပြသည်။
ထိုအမျိုးသားကြီးလိုပင် သမီးတော်စပ်သူ၊ တူမတော်စပ်သူ၊ ညီမ၊ အစ်မ တော်စပ်သူများ အပေါ် စိုးရိမ်မကင်း ရှိနေကြသော ရွာသားများမှာ အခြေစိုက်ရုံးများရှိရာ မြို့ပေါ်အထိ သွားရောက် တိုင်ကြားခဲ့ကြသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေး ခြင်း မရှိဟု သိရသည်။
“ကျနော့် အစ်မကို ဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပွတ္တာမြို့ပေါ်ထိ တိုင်စာရေး တိုင်ထားတာ ခုချိန်ထိ အရေး မယူတဲ့အပြင်၊ ကျနော့်ကိုပါ ညှိုးပြီး လုပ်အားပေးဆင်းခိုင်းတာ ရက်ဆက်ပဲ ပြင်စလူမြို့ထိ အသွားအပြန် လမ်းလျှောက်ပြီး လုပ်အားပေး ဆင်းပေးနေရတယ်” ဟု လပွတ္တာ၊ ပြင်စလူမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ကျေးရွာတရွာတွင်နေထိုင်သူ တဦးက ပြောဆိုသည်။
မုန်တိုင်းပြီးနောက် ကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာ ဖြစ်နေသည့် အပြင် စစ်တပ်များမှ တပ်သားများကလည်း ရွာများထဲတွင် အချိန်မရွေး ၀င်ထွက်သွားလာမှုများ ရှိနေပြီး ဒေသခံ များအား ခိုင်းစေ ခြင်း အမျိုးသမီးများကို ၎င်းတို့တဲများ သို့ ခေါ်သွားပြီး ခိုင်းစေခြင်းများ ရှိနေသောကြောင့် မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ရစ် ခဲ့ရသော အမျိုးသမီးများမှာ ၎င်းတို့၏ ဘ၀လုံခြုံရေးအတွက် အစဉ်အမြဲ စိတ်ပူပင် နေရသော အနေအထားမျိုးဖြစ် နေကြောင်း သိရှိရသည်။
အဆိုပါဒုက္ခသည်များ အနေနှင့် တခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် စဉ်းစားကြသော်လည်း ၎င်းတို့၏ မှတ်ပုံတင်များမှာ နာဂစ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ယခုအခါ မှတ်ပုံတင်မရှိတော့သောကြောင့် ဒေသတခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆက်ဆံရေး တိုးမြှင့်
ကိုစိုး | အောက်တိုဘာ ၃၀၊ ၂၀၀၈
နှစ်နိုင်ငံ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်ကြီး ဇောင်းလီသည် မြန်မာ စစ်အစိုးရ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်း ၁ နာရီတွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံသည်။
ဗိုလ်ချုပ်ကြီး ဇောင်းလီသည် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်လည်း တွေ့ဆုံ ပြီးနောက် အင်္ဂါနေ့ နံနက်က နေပြည်တော်မှ ပြင်ဦးလွင် မြို့သို့ထွက်ခွာသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
တရုတ် သတင်းဌာန တခုဖြစ်သော ဆင်ဟွာ သတင်းဌာနက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ယင်း ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်တွင် မြန်မာဘက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့နှင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ စစ်တပ်များ အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်ရေးတို့ပါဝင်မည်ဟု ထင်မြင်ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း တရုတ် ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်သည် နှစ် နိုင်ငံ စစ်တပ်များပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သည့် အသွင်လက္ခာပင် ဖြစ်ကြောင်း ပြောသည်။
“နှစ် နိုင်ငံ လက်နက်ရောင်းတာတွေရော၊ နှစ်နိုင်ငံ တပ်မတော်ချင်း အပြန်အလှန် နီးနီးကပ်ကပ် ဆက်ဆံနေတာ တွေလည်း ရှိတော့ ပုံမှန်လာတာလည်း ဖြစ်နိုင်တာပေါ့၊ တပ်မတော် အရာရှိ တဦးလာတာကတော့ ဖိအားပေးဖို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ ဖိအားပေးဖို့ဆိုရင် နိုင်ငံတော် ကောင်စီအဆင့်တို့၊ ပေါ်လစ်ဗျူရိုအဆင့်တို့ တခုခုပေါ့၊ ပါတီလိုင်းက ဖြစ်ဖြစ် အဲဒီ လူတွေကသာ ဖိအားပေးနိုင်မယ့် အဆင့်ရှိတယ်၊ အခုလာတာက စစ်တပ် က တောင် အကြီးဆုံးအဆင့် မဟုတ်သေးဘူး ဆိုတော့ နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး လာတာ မျိုးပဲ ဖြစ်နိုင်တယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။
တရုတ်နိုင်ငံသည် စစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြိုခွဲပြီးချိန်မှစတင်၍ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများကို အဓိက အထောက်အကူပေးနေသောနိုင်ငံ ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်သုံး စစ်သဘောင်္များ၊ တင့်ကားများ၊ စစ်သုံး မော်တော်ယာဉ်များနှင့် ခဲယမ်းမီးကျောက်များ စသည့် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလ ကတည်းက တရုတ်နိုင်ငံက မြန်မာသို့ ထောက်ပံ့ပို့ ဆောင် နေသည်မှာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယခု နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များ တွေ့ဆုံ ဆွေးနွေးမှုသည် စစ်လက်နက်ပစ္စည်း စက်ရုံကိစ္စဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“တရုတ်က မြန်မာကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတာဟာ နှစ်အတော်ကြာနေပါပြီ”ဟု ဦးအောင်ကျော်ဇောက ပြောသည်။
နယူးရောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)ကလည်း အိန္ဒိယ၊ တရုတ်၊ ရုရှ နိုင်ငံများနှင့် တခြားသော နိုင်ငံများက ကူညီထောက်ပံ့သည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြု၍ မြန်မာစစ် အစိုးရက အာဏာတည်မြဲ ရေးနှင့် အရပ်သားပြည်သူများအပေါ် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ၂၀၀၇ ခု နှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံက ခေတ်မီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လက်နက်ထုတ်လုပ်သည့် နည်းပညာ၊ လက်နက်ငယ်နှင့် အပို ပစ္စည်းများ၊ မော်တာများအပါအ၀င် မြေမြုပ်မိုင်းများနှင့် ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ၊ လက်နက် ငယ်တပ်ဆင်ထုတ် လုပ်မှု များအတွက် အထောက်အပံ့များရှိကြောင်း၊ ထို့အပြင် တိုက်လေယာဉ်များ၊ ရေတပ် စစ်သဘောင်္များ၊ တင့်ကားများနှင့် တခြားသော ခြေလျင်စစ်တပ်သုံး လက်နက်များ စသည့် အကြီးစား စစ်လက်နက် ပစ္စည်းများကိုလည်း မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးပို့မှုများရှိကြောင်း HRW က ပြောဆိုသည်။
လွန်ခဲ့သော သြဂုတ်လအတွင်းကလည်း တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လိန်ဂေါင်းလီ နှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာန က ထုတ်ပြန်ထားသည်။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ကာကွယ်ရေး၊လုံခြုံရေးတို့အတွက် နှစ်နိုင်ငံ အကူအညီများအပြန်အလှန် ပေးရန် တရုတ် ကာကွယ်ရေး ၀န်ကြီဌာနအနေနှင့် အဆင်သင့်ရှိကြောင်းလည်း ဆင်ဟွာ သတင်းဌာန၏ အဆို အရ သိရသည်။
ဇူလိုင်လအတွင်းပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ၏ လျှို့ဝှက် အစည်းအဝေးတခုတွင် ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးကမူ ၎င်းတို့အနေနှင့် တရုတ်ကို လိုလားထောက်ခံသူများမဟုတ်ကြောင်း၊ အခြေအနေအရ ချဉ်းကပ်ပေါင်းသင်းရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်ဖြစ်နေပြီး ထိုင်ဝမ်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများအနေနှင့် အမေရိကန် နိုင်ငံကို မဟာမိတ်ပြုသကဲ့သို့ တရုတ်နိုင်ငံကိုလည်း မိမိတို့အတွက် ၀န်းရံ ထားရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မောင်ဦး က အဆိုပါအစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် ဧရာဝတီက ရေးသားခဲ့ဖူးသည်။
၁၉၈၉ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆင့်ဖြင့် တရုတ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းအကူအညီအတွက် ပထမဆုံး အကြိမ် သွားရောက်ခဲ့ဖူးသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်နေစဉ်

ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ
အေးချမ်းမြေ့ | အောက်တိုဘာ ၃၀၊ ၂၀၀၈
ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည်။
ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။
“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။
ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။
“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။
တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။
“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။
၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။
“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။
မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။
အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။
“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။
ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။
“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။

မင်းကိုနိုင်နှင့် အပေါင်းပါ ၈ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်
ကိုသက် | အောက်တိုဘာ ၃၀၊ ၂၀၀၈
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၉ ဦးအား တရားစီရင်မှုကို အနှောင့် အယှက်ပေးသည့်ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း က ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရှေ့နေကြီး ဦးအောင်သိန်းက “တရားစီရင်ရေးကို အနှောင့်အယှက်ပေးလို့ အရေးယူပေးပါဆိုပြီး တရားလိုဥပဒေ အကျိုး ဆောင်ရှေ့နေ ဦးမြကြိုင်ကနေ လျှောက်တယ်။ တရားရုံးက အဲဒီကိစ္စကို လက်ခံပြီးတော့ မနေ့က သူတို့ ၉ ယောက်တည်း ထုတ်ပြီး အမိန့်ချလိုက်တာ” ဟု ဧရာဝတီကို ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများကို အမိန့်ချမှတ်ခြင်းသည် မူလကစွဲဆိုထားသည့်အမှုများနှင့် သက်ဆိုင်မှုမရှိ၊ သီးခြားချမှတ် ခြင်းဖြစ်ပြီး ယခင်အမှုများအတွက် တရားရုံးချိန်းထွက်သည့်အခါ ခြေကျင်းဖြင့်ထွက်ရတော့မည်ဟု ဦးအောင်သိန်းက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများကို လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပွဲများကို ဦးဆောင်သောကြောင့် စစ်အစိုးရက မတရားဖမ်းဆီးခဲ့ပြီး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆိုထားသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ၎င်းတို့အား ရုံးထုတ်စစ်ဆေးချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင် များနှင့် အများပြည်သူ လာရောက်ကြားနာခွင့်ပြုရန်တို့ကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသဖြင့် တရားစီရင်မှုကို အနှောင့် အယှက်ပေးသည်ဟု အကြောင်းပြကာ ထောင် ၆ လစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏အမှုသည်များဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ ၀င်များဖြစ်ကြသည့် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ကို ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ ထောင် ၆ လစီချလိုက်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအ၀န်းက ပြောသည်။
အဖမ်းခံရသည့် ကိုညီညီထွေးသည် နိုင်ငံရေးလှုပ်ရှားသူများစွဲဆိုခံထားရသည့် အမှုများကို ရှေ့နေလိုက်ပေးနေသူတဦး ဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုပြုလုပ်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင် ၁၁ ဦး၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေစဉ် အပြစ်ပေးခံရခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ် နိုင်ဝင်ဘာလက ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံတို့နှင့်အတူ အဖမ်းခံရသည့် ကိုသိန်းအောင်လင်း (ခ) ရှဲ အား ထောင်တွင်းအထူးတရာရုံးက ဥပဒေပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

October 29, 2008
ဘန်ကီမွန်းရဲ့ နောက်ထပ် မြန်မာပြည်ခရီးစဉ် အကျိုးရှိနိုင်မလား
ကျော်စွာမိုး | အောက်တိုဘာ ၂၉၊ ၂၀၀၈
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရမည့် အရေးအတွက် စိုးရိမ်ပူပန်မှု ရှိနေမည်မှာ သေချာလှသည်။
သူသွားလျှင်လည်း မြန်မာစစ်ဗိုလ်ချုပ်များထံ သွားရောက်လည်ပတ် တွေ့ဆုံရုံသာ ဖြစ်နေပေလိမ့်မည်။ သူ၏ ယခင် အထူးသံ ကိုယ်စားလှယ် လက်ထောက်များကဲ့သို့ လက်ဗလာ ပြန်လာရမည်ကိုလည်း မလိုလားလှ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု မည်သို့မျှ မဆောင်ကျဉ်းနိုင်ခဲ့ဘဲ အချည်းနှီး ပြန်ခဲ့ရသည့် ယခင်သံကိုယ်စားလှယ်များ၏ ဥပမာများကို သူ မြင်ထားခဲ့ဖူးပြီ။
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ နောက်တခေါက် သွားမည်ဟု ရည်ရွယ်ထားသည့် ခရီးစဉ်အတွက် သံသယနှင့် တုံ့ဆိုင်းနေ သည်ကို ဘန်ကီမွန်းက ယခုအပတ်တွင် ကုလသမဂ္ဂအဖွဲ့ ဌာနချုပ်ရုံးစိုက်ရာ နယူးယောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခု၌ ထုတ်ဖော် ပြောကြားခဲ့သည်။
အကယ်၍ မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ စတင်နိုင်၍ အဆင်ပြေမည် ဆိုမှသာသူသွားလိုသည်၊ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်မည်ဟု မျှော်လင့်နိုင်မှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံရေးအရ လိုက်လျောမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သူ၏ ခရီးစဉ်မတိုင်မီ အချက်ပေးလိုက်ခြင်း ဖြစ်သည်။
“ကျနော့်စိတ်ရင်းကတော့ မြန်မာပြည်ကို တခေါက်ပြန်သွားချင်ပါသေးတယ်။ ဒါပေမယ့် သိသာ ထင်ရှားတဲ့ ရလဒ်ကောင်း တွေ မရှိဘဲနဲ့၊ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားနိုင်ဘဲနဲ့တော့ နောက်တခေါက် ထပ်မသွားချင်တော့ဘူး” ဟု ဘန်ကီမွန်းက ပြောခဲ့သည်။
မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ပုံမှန်တောင်းဆိုမှုများကို မည်သည့် အခါကမှ အလေးပေးစဉ်းစားခြင်း မရှိခဲ့ရာ ဘန်ကီမွန်းအနေနှင့် သံသယဖြစ်မည်ဆိုလည်း ဖြစ်လောက်သည်။ နေပြည် တော်ရှိ မြန်မာစစ်ဗိုလ်ချုပ်များက အပေးအယူပြုပါမည်ဟု ရှင်းလင်းသေချာစွာ မီးစိမ်းပြမှသာ သူ မြန်မာပြည်သို့ သွားရန် ဖြစ်နိုင်ပေလိမ့်မည်။ သူ့ အပြန်ခရီးတွင် “သိသာထင်ရှားသည့် ရလဒ်ကောင်းများ” ပါလာစေရမည်ဟု အာမခံနိုင်မှသာ သူ သွားချင်ပေလိမ့်မည်။
မြန်မာနိုင်ငံအတွက်ဆိုလျှင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည်သာ အကောင်းဆုံး အဖြေဖြစ်သကဲ့သို့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည်လည်း တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်း ၂ တဖက်တချက်ရှိ အင်အားစုများ အကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါသည့် အချက် ဖြစ်နေပြန်သည်။
လွန်ခဲ့သည့်လက လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အစိုးရ လွှတ်ပေးခဲ့သည့် အကျဉ်းသား ၉၀၀၂ ဦးတွင် နိုင်ငံရေးအကျဉ်း သား အနည်းငယ်ကိုသာ ထည့်၍ လွှတ်ပေးခဲ့သည်။ သို့သော်လည်း တချိန်တည်းမှာပင် နိုင်ငံရေးအကျဉ်းသားအရေ အတွက် နှစ်ဆနီးပါး တိုး၍လာနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံ (အေအေပီပီဘီ) က ထောက်ပြသည်။
“နိုင်ငံရေးအကျဉ်းသား ဦးရေ နှစ်ဆတိုးလာသည်ကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရက လုံခြုံရေးကောင်စီ အပါအ၀င်၊ ကုလ သမဂ္ဂကို တိုက်ရိုက်အာခံနေသည်မှာ ထင်ရှားသည်” ဟု အေအေပီပီဘီ နှင့်ဝါရှင်တန် ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှား သူများအဖွဲ့ (US Campaign for Burma) ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကုလ အထွေထွေအတွင်းရေးမှူးချုပ် အနေနှင့် ထင်ရှားသည့် နိုင်ငံရေးပြေလည်မှုများ ဖြစ်ပေါ်စေပါမည်ဟူသည့် အာမခံချက် မရရှိဘဲ သွားခဲ့လျှင် ဤခရီးစဉ်ကြောင့် ကုလသမဂ္ဂ ထပ်မံ သိက္ခာကျရပေတော့မည်။ လက်ရှိ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ အပါအ၀င် ကုလသမဂ္ဂ သံကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြဖူးသော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွားအတွက် အသုံးချခံလိုက်ရသည့် အနေအထားနှင့်သာ အဆုံးသတ်ခဲ့ကြရသည်။
ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများအတွက် အာမခံချက်ရှိမှ လာရောက်မည်ဟု အချက်ပြခဲ့ခြင်းမှာ ကုလအတွင်းရေးမှူးချုပ် အနေနှင့် ပို၍တဆင့်တင်း ရပ်တည်ပြလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူ၏ ခရီးစဉ်မတိုင်မီ စစ်အစိုးရက လိုက်လျောမည့် အရိပ်အယောင်များ မပြသလာပါက၊ ဘန်ကီမွန်းအတွက် နောက်တကြိမ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တက်ရန် အချက်ကောင်းရသွားစေမည် ဖြစ်သည်။ ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို လုံခြုံရေး ကောင်စီတွင် ရှာဖွေနိုင်ရန် အခွင့်အရေး ရလာစေမည် ဖြစ်သည်။
ဤသို့ ဘန်ကီမွန်းက သံတမန်ရေး နည်းပရိယာယ်ကို ကျင့်သုံးလိုက်ခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပိုမို အကြပ်ရိုက် သွားနိုင်သည်။ သူ၏ ခရီးစဉ်မတိုင်မီ မြန်မာစစ်အစိုးရကို ဖိအားဆင့်လိုက်ခြင်းမှာ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ထောက်ခံပြောဆိုခဲ့သေးသည်။
သို့သော် မေးစရာရှိနေသည်မှာ ဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီတို့ မည်မျှပိုမို စွမ်းဆောင်နိုင်မည်နည်းဟူသည့် မေးခွန်း ပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ကလည်း လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ဖူးသေးသည်။
အကယ်၍ ပိုပြင်းထန်သည့် တောင်းဆိုချက်များ ပြုမည်ဆိုပါလျှင် မြန်မာစစ်အစိုးရကို နောက်ခံ ရပ်တည်ပေးနေကြသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့၏ အတည်ပြုချက် လိုအပ်ပေလိမ့်မည်။ ၎င်းနိုင်ငံနှစ်ခုက ဤတောင်းဆိုချက်မျိုးကို ပြန်၍ဆွဲချမည်မှာ သေချာလှ၏။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ဦး အထိ လာရောက် ခဲ့သော်လည်း မြန်မာနိုင်ငံရေးအတွက် ထူးခြားသည့် အပြောင်းလဲ တစုံတရာ မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို သံတမန်များ၏ သင်္ချိုင်းဟု ခေါ်ရလိမ့်မည် ထင်သည်။
လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နောက်ထပ် မြန်မာပြည် ခရီးစဉ်ကို မြင်တွေ့ကောင်းမြင်တွေ့ရပေလိမ့်မည်။ ထိုအခါတွင် အရှေ့က သွားခဲ့ဖူးသော သံတမန်များကဲ့သို့ ရလဒ် ကောင်းများ မဆောင်ကျဉ်းခဲ့နိုင်ဟူ၍ ဘန်ကီမွန်းအပေါ် ကမ္ဘာက မြင်သွားသည့် အဖြစ်မျိုး အဖြစ်မခံသင့်ပါ။
ကျော်စွာမိုးရေးသားသည့် Ban Tries to Avoid a Fruitless Visit ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၇)
ရန်ကုန်သား တာတေ | အောက်တိုဘာ ၂၉၊ ၂၀၀၈
ချင်းမိုင်က လမိုက်ညတညဝယ် … အချိန်ကား သူငယ်အိပ်ဆိတ်အချိန်၊ ကောင်းကင်ပြင်တခုလုံးကို မည်းမှောင်သည့် မိုးသားများက နေရာယူထားသဖြင့် ဒွိုင်ဆူထေ့တောင်ကြောရှိ တောင်ပတ်လမ်းတလျှောက်သည်လည်း ဓာတ်မီးတိုင်များ လက်လှမ်းမီသည့်နေရာမှအပ တတောလုံးမှောင်နေသည်။ တောင်ကလပ်ပေါ်ရှိ ဒွိုင်ဆူထေ့စေတီ စိန်ဖူးတော်ကိုထိုး ထားသည့် ဆလိုက်မီးကမူ ကောင်းကင်သို့ အလင်းတန်းတခု ထိုးထွက်နေသယောင်။
ညောင်ပင်အောက်တွင်မူ ဇာတ်လိုက်ကျော်ကြီးများဖြစ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာထိုင်နေကြသည်မှာ ဝစီပတ်ကျင့်နေသည့်အလားပင်။ ၎င်းတို့ရောက်နေသည်မှာ နာရီဝက်ကျော်ပြီ ဖြစ်သော်လည်း ရုက္ခစိုးကြီးအား ယခုထိ အရိပ်အယောင်မျှပင် မတွေ့ရသေး။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း ဒီနေ့မှ ဘယ်ကိုလမ်းသလားနေသလဲ မသိပါဘူး။ ဒီပုံအတိုင်းဆို ဒီနေ့တော့ အိမ်အပြန် နောက်ကျတော့မယ်ထင်တယ်။
ကြွက်စုတ်။ ။ သူ့မိတ်ဆွေတယောက်ယောက်က ဝါးတီးပါတီလုပ်လို့ သွားတာနေမှာပေါ့။ ငါတို့ကလည်း ဒီနေ့မှ မချိန်းဘဲ ရောက်လာတာကိုး။
စကားပြောသံများရပ်သွားပြီးနောက် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားပြန်၏။ ထို့နောက်တွင် အဝေးဆီက အသံတခုက ၎င်းတို့ထံဦးတည်လာနေသည့်အလား သဲ့သဲ့ကြားနေရ၏။
ကြွက်စုတ်။ ။ ဟော … ခြေသံလိုလိုကြားတယ်ကွ။ ဦးရုက္ခစိုး ပြန်လာပြီထင်တယ်ကွ။
ကြွက်စုတ်၏စကားကြောင့် ဖိုးရှုပ်မျက်နှာတချက်ပျက်သွားပြီး ...
ဖိုးရှုပ်။ ။ မင်းကလည်း ပေါင်းလာတာကြာလှ ဦးရုက္ခစိုးက ငါတို့မပါရင် တကိုယ်တည်းလမ်းရှောက်လေ့မရှိဘူးလေကွာ။ သူ့ဟာသူ ကိုယ်ယောင်ဖျောက် သွားနေကြလေ။
ဖိုးရှုပ်ပြောလိုက်မှ ကြွက်စုတ်လည်း ကျောချမ်းသွား၏။
ကြွက်စုတ်။ ။ ဒါဆို ငါတို့ဆီလာနေသလိုလိုကြားရတဲ့အသံရှင်က ဘယ်သူလဲ ... သ .. သရဲလား။
ဖိုးရှုပ်။ ။ ဒါတော့ငါလည်း ဘယ်သိပါ့မလဲကွာ။ သွားလာခွင့်မပြုလို့ တားမြစ်ထားတဲ့နေရာမှမဟုတ်တာ။ ကိုယ့်အကြောင်း နဲ့ကိုယ် သွားလာနေသူတယောက်ယောက်ဖြစ်မှာပေါ့။
ဖိုးရှုပ်က ကြွက်စုတ်ကြောက်နေမှန်းသိသဖြင့် ကြုံသလိုဖြေရှင်းချက်ပေးလိုက်သော်လည်း စိတ်ထဲကတော့ တတ်သမျှဘုရား စာကို ကြိတ်ရွတ်နေ၏။ ကြားနေရသည့်အသံကလည်း တဖြည်းဖြည်းပိုကျယ်လာပြီး မည်းနက်သည့်အရိပ်တခုကလည်း ၎င်းတို့နှစ်ဦးရှိရာသို့ တရှပ်ရှပ်ချဉ်းကပ်၍ လာနေ၏။
ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် မည်းမည်းကြီးတကောင် ငါတို့ဆီလာနေပြီ … ဘယ်လိုလုပ်ကြမလဲ။
ဖိုးရှုပ်။ ။ ကြွတ်စုတ်ရာ … မင်းပြောတော့ တောထဲမှာ နှစ်ပေါင်းများစွာလက်နက်ကိုင်လာသလေး ဘာလေးနဲ့ ဒီလောက် တောင် ကြောက်ရသလားကွ။ စိတ်ကိုတင်းထားမှပေါ့။
ကြွက်စုတ်။ ။ ဘာဆိုင်လဲကွ။ လူလူချင်းကတော့ ဘာကြောက်စရာရှိလဲ။ အခုဟာက လူလား၊ မကောင်းဆိုးရွားလား ဘာမှန်းမသိတော့ လန့်တာပေါ့ကွ။ တလောကပဲ ဟောဟိုအပင်ကြီးနားမှာ ယာဉ်တိုက်မှုဖြစ်တာ အဘိုးကြီးတယောက် ပွဲချင်းပြီးသေထားတာလေ။ အစိမ်းသေဆိုတာမျိုးက တော်ရုံနဲ့ ကျွတ်လွတ်တတ်တာမျိုး မဟုတ်ဘူးလေ။
ကြွက်စုတ်သည် ပြောနေရင်းက အသံများတုန်လာ၏။ ၎င်းတို့ဝေခွဲမရသည့် အရိပ်မည်းကြီးက ကြွက်စုတ်တို့အနားသို့ တဖြည်းဖြည်းနီးလာပြီး ၎င်းတို့ရှေ့အရောက်တွင်ရပ်ကာ အသံနက်ကြီးဖြင့် တဟားဟား ရယ်မောလေတော့သည်။ သူရဲကောင်းနှစ်ယောက်ကတော့ ခေါင်းပင်မဖော်ရဲပေ။ ဖိုးရှုပ်က တတ်သမျှ၊ မှတ်သမျှလေးတွေ ရွတ်ဖတ်နေရာက …
ဖိုးရှုပ်။ ။ ခင်ဗျားဘယ်သူလဲ။ ဘာလိုချင်လို့လဲ။ ကိုယ့်လမ်းကိုယ်သွားပါ … ခင်ဗျားကို အမျှဝေပါတယ်၊ သာဓုခေါ်ပြီး ဒီနေရာကထွက်သွားပါ။
အရိပ်မည်းကြီး။ ။ ထွက်မသွားနိုင်ဘူး၊ မင်းတို့နဲ့ စာရင်းရှင်းစရာရှိလို့ ငါဒီကိုလာခဲ့တာပဲ။ အခုတလော မင်းတို့ မြန်မာ အတိုက်အခံတွေ ငါ့ကို စော်ကားမော်ကားလုပ်ကြတာများပြီ။ ဒါကြောင့် အဲဒီကိစ္စကိုရှင်းဖို့ လာခဲ့တာကွ။
ကြွက်စုတ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်ဝင်ပြောသည်မှာ …
ကြွက်စုတ်။ ။ ခင်ဗျားလူမှားနေပြီထင်တယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သရဲခေါ်တမ်းလည်း မကစားကြ ပါဘူးဗျ။
အရိပ်မည်းကြီး။ ။ ဘာပြောတယ်ကွ။ မင်းကငါ့ကို မကောင်းဆိုးဝါးလို့ပြောချင်တာပေါ့လေ။ ငါပြောနေတဲ့ကြားထဲက ထပ်ပြီးစော်ကားတာပေါ့လေ။
ဖိုးရှုပ်။ ။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲဗျ။ ကျနော်တို့က ခင်ဗျားကိုဘာတွေများ စော်ကားမိလို့လဲ။
ထိုအခါကျမှ အရိပ်မည်းကြီးက ခန္ဓာကိုယ်တွင်လွှမ်းခြုံထားသည့် ၀တ်ရုံအနက်ကြီးကိုဖယ်ရှားလိုက်ကာ …
အရိပ်မည်းကြီး။ ။ မင်းတို့တွေ မသေမချင်းမှတ်ထား၊ ငါ့နာမည်ခေါ်တိုင်း မင်းတို့နိုင်ငံအမည်ပါခေါ်ပြီးသားဖြစ်တဲ့ အို ဘားမား ကွ။ မင်းတို့က ငါသာသမ္မတဖြစ်လာရင် မြန်မာ့အရေးကို စိတ်ဝင်စားမှာမဟုတ်တော့ဘူးလေး၊ ဘာလေးနဲ့ မီဒီယာ တွေမှာလျှောက်ပြောတယ် … ပြီးတော့ ရှိပါသေးတယ် အမေရီးကားမှာ လူမည်းသမ္မတဖြစ်လို့ကတော့ မြန်မာ့အရေးလုပ်မှာ မဟုတ်တော့ဘူး၊ အာဖရိကန်တွေအရေးပဲ လုပ်တော့မှာလို့ မီဒီယာတွေကိုပြောတယ်။ ဒါဟာ မြန်မာပြည်သူတွေက ကျုပ်အပေါ် အထင်လွဲအမြင်လွဲအောင် ခင်ဗျားတို့ ဖန်တီးနေတာ။
ကြွက်စုတ်။ ။ သြော် ခင်ဗျားက အိုဘားမားကိုး၊ တွေ့ရတာဝမ်းသာပါတယ်။ မစ္စတာ အိုးဘားမား … ခင်ဗျား အချက် အလက်မှားတွေ ရနေပြီထင်တယ်။ ကျုပ်တို့က ဒီမိုကရက်တွေပါဗျ၊ မြန်မာနဲ့ ကမ္ဘာတ၀န်းလုံးက ခင်ဗျားကိုထောက်ခံနေ ကြတာဗျ။ မဲပေးခွင့်မရှိလို့သာပေါ့ဗျာ၊ မဟုတ်လို့ကတော့ ခင်ဗျားကိုထောက်ခံသူတွေ ကမ္ဘာတခြမ်းကျော်ကြောင်း ပြလိုက်ချင်တာ။
ကြောက်ချေးပါလောက်အောင် ကြောက်နေသည့် ကြွက်စုတ်မှာ ချက်ချင်းဆိုသလို အချိုးပြောင်းသွားကာ အိုဘားမားအား မြန်မာပီပီ စတင်မြှောက်ပင့်လေတော့သည်။ အိုဘားမားလဲလေ လောကီသားပေမို့ အသားအရောင် ခွဲခြားနေစရာမလိုပေ၊ အမြှောက်ကြိုတ်တတ်သူ ဖြစ်ပါသည်။
မြှောက်သူနှင့် မြောက်သူတို့ အပေးအယူသင့်နေစဉ် အလယ်လွန်သူတဦးလည်း ဘွားခနဲ ပေါ်လာရာ …
အိုဘားမား။ ။ ဟဲ့ ပလုပ်တုတ်။ ဘယ်လိုဟာကြီးလဲဟ၊ ဗန္ဓုလလိုလို၊ ဘန်ရာဂျန်လိုလို ပုဆိုးခါးတောင်းကျိုက်ကြီးနဲ့။
ဖိုးရှုပ်။ ။ သြော် … သူကတော့ ဟောဒီညောင်ပင်ကြီးကို ရွေးကောက်ပွဲဝင်စရာမလိုဘဲ အပိုင်စားရထားတဲ့ ချင်းမိုင်ရုက္ခစိုး ဆိုတာပါ။ ဦးရုက္ခစိုး … ဒါကတော့ အမေရိကန်သမ္မတလောင်း မစ္စတာ အိုဘားမားပါ။
ရုက္ခစိုး။ ။ အိုး … အိုင်ဆီး။ ဒါကြောင့်မို့ တွေ့ဖူးသလိုလိုရှိပါတယ်လို့ထင်နေတာ။ နိုက်စ်တူဆီးယူဗျား … ရွေးကောက်ပွဲ ကမ်ပိန်းတွေ အောင်မြင်နေတယ်လို့ ကြားတယ်။ အောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။
ဦးရုက္ခစိုး၏ လောကဝတ်စကားကြောင့် အိုဘားမားကလည်း …
အိုဘားမား။ ။ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျာ။ ခင်ဗျားနာမည်ကို ကြားဖူးနေတာကြာပြီ၊ လူချင်းတော့ အခုမှ ဆုံဖြစ်တော့တယ်။ ရွေးကောက်ပွဲကိစ္စက ထင်သလောက်မလွယ်ဘူးဗျ။ လူတွေက ပြုံးပြီး လက်ခုပ်တွေတီးနေကြပေမယ့် အတွင်း အဇ္ဈတ္တကို သိနိုင်တာမှမဟုတ်တာ။ ခင်ဗျားတို့လို နတ်တွေကတော့ ကောင်းတယ်ဗျို့၊ ဘာရွေးကောက်ပွဲမှဝင်စရာမလိုဘူးနော် …
အမေရိကန် သမ္မတလောင်း၏ စကားကြောင့် …
ရုက္ခစိုး။ ။ ရွေးကောက်ပွဲမဝင်ပဲ တိုင်းပြည်ကိုအုပ်ချုပ်ချင်ရင်တော့ အာဏာသိမ်းအစိုးရလုပ်ပေါ့၊ မြန်မာပြည်က စစ်အစိုးရ လိုပေါ့ဗျာ။ အုပ်ချုပ်နေတာအနှစ် ၂၀ ကျော်ပြီ။ ဘယ်သူ့ကိုမှလဲ အာဏာလွှဲမပေးဘူး၊ ဘယ်တော့မှလဲ လွှဲပေးမှာမဟုတ်ဘူး။
ရုက္ခစိုး၏စကားကြောင့် အိုးဘားမားမှာ တွေခနဲဖြစ်သွား၏။ ရွေးကောက်ပွဲမလို၊ ပြည်သူ့ဆန္ဒမလို စသဖြင့် တွေးနေ၏။ ရုက္ခစိုးကြီးကိုလည်း စိတ်ထဲကကြိတ်ကာ လေးစားနေ၏။
အိုဘားမား။ ။ ခင်ဗျားတို့ မြန်မာပြည်ကတော့ ဒီကမ္ဘာပေါ်မှာ ရှားမှရှားပဲဗျို့။ လူမပြောနဲ့ နတ်တွေရဲ့ စဉ်းစားပုံကအစ သာမန်နဲ့မတူ ထူးခြားနေတယ်။ လေးစားပါတယ်ဗျာ။ အခုလိုတွေ့ရတာ ဝမ်းသာတယ်ဗျို့၊ ကမ်ပိန်းကိစ္စလေးတွေမပြတ် သေးလို့ ခွင့်ပြုပါဦးဗျာ။ ရွေးကောက်ပွဲအနိုင်ရမှ ဒီနေရာကိုအခြွေအရံတွေနဲ့ တခေါက်ပြန်လာပြီး ခင်ဗျားတို့သုံးယောက်နဲ့ မြန်မာ့အရေးဆက်လက်ဆွေးနွေးပါဦးမယ်။ အခုတော့ ခွင့်ပြုပါဦး။
အိုဘားမားက ပြောပြောဆိုဆိုပင် ဦးရုက္ခစိုးတို့အား လက်ပြနှုတ်ဆက်ရင်း ပြန်သွားလေ၏။
အကြာမီရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ ထိုအတောအတွင်း အမေရိကန်၏ ပထမဆုံးလူမည်းသမ္မတအဖြစ် အရွေးခံရတော့မည်ဟု သတင်းပြေးနေသည့် မစ္စတာ အိုဘားမား ချင်းမိုင်က ရုက္ခစိုး၊ သတင်းထောက် ဖိုးရှုပ်နှင့် အက်တိဗစ် ကြွက်စုတ်တို့နှင့် တွေ့ဆုံခဲ့သည်ကို ကာယကံရှင်များကလွဲ၍ နိုင်ငံတကာသတင်း ဌာနများနှင့် မည်သူမျှ မသိလိုက်ကြ။
ကြွက်စုတ်နှင့် ရုက္ခစိုးကြီးတို့ ချွန်တွန်းလုပ်လိုက်သည့် သမ္မတလောင်းအား ကမ္ဘာတဝက်ကျော်က ထောက်ခံနေကြောင်းနှင့် အာဏာသိမ်းပါက ရွေးကောက်ပွဲဝင်ရန်မလိုဟူသည့်အတွေးများ မစ္စတာ အိုဘားမား၏ ခေါင်းထဲကမထွက်သည်ကို အမေရိကန် မဲဆန္ဒရှင်များ မသိကြပေ။
စကားဝိုင်းတွင် ဟုတ်တိပတ်တိ ဝင်ရောက်ဆွေးနွေးခြင်းမရှိသည့် ဖိုးရှုပ်တယောက် ခွင့်ပြုချက်မယူဘဲ အသံခိုးဖမ်းသွား သည်ကိုလည်း မည်သူမှမသိလိုက်ကြ။ အမေရိကန်ပြည်သူတို့၏ အနာဂတ်ကိုမူ ငွေရောင်ပိတ်ကားပေါ်တွင် မကြာမီ ရှူစားရတော့မည် ဖြစ်သည်။

ဖိုးရှုပ်။ ။ ကြွက်စုတ်၏စကားကြောင့် ဖိုးရှုပ်မျက်နှာတချက်ပျက်သွား၏။ မင်းကလည်း ပေါင်းလာတာကြာလှ ဦးရုက္ခစိုးက ငါတို့မပါရင် တကိုယ်တည်းလမ်းရှောက်လေ့မရှိဘူးလေကွာ။ သူ့ဟာသူ ကိုယ်ယောင်ဖျောက် သွားနေကြလေ။

ကြွက်စုတ်။ ။ ဒါဆို ငါတို့ဆီလာနေသလိုလိုကြားရတဲ့အသံရှင်က ဘယ်သူလဲ။

October 28, 2008
ညီညွတ်မှု ပြိုကွဲလေသောအခါ
ကျော်စွာမိုး | အောက်တိုဘာ ၂၈၊ ၂၀၀၈
ယခု ပြဿနာက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရသည့် လိပ်ခဲတည်းလည်း အခြေအနေမျှသာ မဟုတ်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံ ပါတီကြီးအတွင်း၌လည်း အတွင်း ကြိတ် ပြဿနာများ၊ နိုင်ငံရေး မကျေလည်မှုများနှင့် ကြုံတွေ့နေပြီဖြစ်သည်။
အဓိကအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ လူငယ်အဖွဲ့ဝင် ၁၀၉ ဦးတို့ မကြာသေးမီက နုတ်ထွက်စာ တင်ကြသည်မှာ ပါတီစတင်တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ပြန်ကြည့်လျှင် အရေး ပါသည့် အဖြစ်အပျက်ဟု ဆိုနိုင်ပါသည်။
ဤဖြစ်ရပ်ကြောင့် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးနေပုံကို မေးခွန်းထုတ်ဖွယ် ဖြစ်လာစေပြီး အသက်အရွယ်ကြီးမြင့်နေကြပြီ ဖြစ်သည့် ပါတီ၏ ခေါင်းဆောင်သူများအတွက် ပို၍ သိက္ခာကျစရာ၊ အားလျော့စရာ ဖြစ်လာစေသည်။
လူငယ်အဖွဲ့ဝင်များက ပါတီ၏ ဆုံးဖြတ်ချက်ချရာ လုပ်ငန်းစဉ်များတွင် သူတို့အနေနှင့် ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်း မကျေလည် ပြောဆိုသံများထွက်လာပြီးနောက် ယခုကဲ့သို့ အစုအပြုံလိုက် နုတ်ထွက်စာတင်ကြခြင်း ဖြစ်သည်။
အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီခေါင်းဆောင်မှုအတွက် လူငယ်အကြံပေး ၆ ဦးနှင့် လူငယ်လှုပ်ရှားမှုများကို ဦးဆောင်ရန် ခေါင်း ဆောင် ၁၀ ဦး တာဝန်ပေး ခန့်အပ်စာ ထွက်လာပြီးနောက် ဤသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်လာရသည်။ လူငယ်များကမူ ပါတီခေါင်းဆောင်ပိုင်းက သူတို့ တင်ပြအဆိုပြုသူများကိုလည်း လက်မခံ၊ အကြံပြုချက်များကိုလည်း နားမထောင်ခဲ့ကြ ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်နေသည့် ပါတီကြီးအတွင်း အဖွဲ့ဝင်များအပေါ် ဒီမိုကရေစီကျင့်သုံးပုံနှင့် ပတ်သက်၍ ဤသို့ဖြစ်ပျက်ရသည်က ဆန်းပြားအံ့သြဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်လည်း ဖြစ်သည်။
“ကျနော်တို့ အဖွဲ့အစည်းက ဒီမိုကရေစီ အဖွဲ့အစည်းပါ။ သည်တော့ ကျနော်တို့တတွေ ဒီမိုကရေစီအခြေခံကို လေးစားလိုက် နာဖို့ လိုတယ်။ အကယ်၍ ကျနော်တို့က ဒီမိုကရေစီ စည်းမျဉ်းတွေကို မလေးစားဘူး ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အတော်ခက်လိမ့်မယ်” ဟု အန်အယ်လ်ဒီ ပါတီ၏ လူငယ်ဌာနများတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သစ္စာရှိရှိလုပ်ကိုင်ခဲ့သူ ကိုခင်ထွန်းက ပြောသည်။ ယခုတော့ သူလည်း နုတ်ထွက်ခဲ့သူများတွင် တဦးအပါအ၀င် ဖြစ်နေပြီ။
ကိုခင်ထွန်းသည် ၁၉၈၈ ခုနှစ် ပါတီ တည်ထောင်ခဲ့ချိန်မှစ၍ စွဲစွဲမြဲမြဲ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ထောင်ကျခဲ့ရသူ ဖြစ်သည်။ ထောင်ထဲတွင် သူ နှစ်အတန်ကြာ နေခဲ့ရပါသည်။ ကိုခင်ထွန်းကဲ့သို့ပင် နုတ်ထွက်ကြသူ ၁၀၉ ဦးထဲတွင် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း ပါဝင်နေကြသည်။
အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များ အနေနှင့် ပါတီကိစ္စ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်တို့၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုသင့်သည်။ မူဝါဒများ ဆုံးဖြတ်ချမှတ်မည်ဆိုလျင်လည်း သူတို့၏ အမြင်များကို လေးလေးစားစား ထည့်သွင်း စဉ်းစား သင့်ပါသည်။
“လူငယ်တွေဆိုတာ အနာဂတ်ပါ။ ကျနော်တို့ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်တာက လူငယ်အဖွဲ့ဝင်တွေရဲ့ အမြင်တွေကို နားထောင်ပေးဖို့ပါပဲ” ဟု ကိုခင်ထွန်းက ပြောသည်။
အမှန်တကယ်တွင် အန်အယ်လ်ဒီ ပါတီက အလားတူပြဿနာမျိုး ကြုံတွေ့လာခဲ့ရသည်မှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့် အချိန်မျိုးတွင် ကြုံတွေ့ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီသက်တမ်း ၁၉ နှစ်တာကာလ အတွင်း ၁၃ နှစ်ကျော် အချုပ် အနှောင်တွင်း နေထိုင်ခဲ့ရသဖြင့် ပါတီအရေးကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နိုင်ခွင့် မရှိဖြစ်နေရသည်။
လက်ရှိ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပိုင်းက သူတို့ကိုယ်သူတို့ ပါတီကို မပျက်စီးရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးသူများဟု ခံယူထားကြသော်လည်း ဒီမိုကရေစီအရေးအတွက် ရှေ့ဆက်ချီတက်နိုင်ရန် အတွေးအမြင်နှင့် မဟာဗျူဟာ များ ချမှတ် ကြံဆခြင်းကိုမူ ထိုးထွင်းမလုပ်လိုကြပေ။
လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအနေနှင့် ယနေ့ ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုနိုင်စွမ်း ရှိ - မရှိနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရဖူးသလို စိန်ခေါ်မှုများလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးသည်။ လူထု အစိတ် အပိုင်းတချို့၊ ဒီမိုကရေစီအရေး ထဲထဲဝင်ဝင် လှုပ်ရှားနေကြသူများ၊ နိုင်ငံရေးသမားများကလည်း အန်အယ်လ်ဒီနှင့် ပတ်သက်၍ စိတ်ပျက်နေခဲ့ကြသည်။
သူတို့အမြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အလိုအလျှောက်ပဲ့ထိန်းဖြင့် ရေလွှာကြောတွင် ဦးတည်ရာမဲ့ မျော နေသည်ဟု မြင်ကြသည်။ သည်အတိုင်းသွားနေပါက တချိန် ပါတီတခုလုံး၏တန်ဖိုးနှင့် အရေးပါမှုကိုပါ စွန့်လွှတ်လိုက်ရ တော့မည့် အန္တရာယ်ရှိနေသည်ဟု မြင်ကြသည်။
လွန်ခဲ့သည့်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ပါတီဦးဆောင်မှုနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။ ဒေါ်စုက ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူ့ကို စောင့်မနေဘဲ ပါတီ၏ ဦးဆောင်မှုဖြင့် ပြတ်ပြတ် သားသား ရှေ့ဆက်သွားရန်ပြောဆိုခဲ့ဖူးသည်။ ပါတီအနေဖြင့် တခါတရံတွန်းထိုးလှုပ်ရှားရန်လိုသလို တခါတရံ စည်းရုံးသိမ်း သွင်းရန်လည်း လိုသည်ဟု ပြောခဲ့သည်။ တခါတရံ သူက ဦးဆောင်မည်ဖြစ်သော်လည်း၊ တခါတရံ သူကိုယ်တိုင်က အခြား သူများ ဦးဆောင်မှုကို လိုက်ရလိမ့်မည်ဟု ဒေါ်စုက ပြောခဲ့သည်။
လက်တွေ့တွင် ဤပြဿနာက မျိုးဆက်ချင်း ကွာဟမှုကြောင့် ပို၍ကြီးသွားပုံ ရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေနှင့် ဦးလွင်တို့က အသက် ၈၀ နှောင်းပိုင်း၊ ၉၀ ထဲ ၀င်နေကြပြီ။ တချို့သော လှုပ်ရှားသူများကလည်း စစ်တပ် တပ်မှူးများအဖြစ် တာဝန်ထမ်းဖူးခဲ့ကြသည့် သူတို့၏ နောက်ခံသမိုင်းကြောင်း၊ ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အာဏာရှင် စနစ်တွင် ထိပ်တန်းတာဝန်များ ယူခဲ့ဖူးကြသည့် အနေအထားတို့ကြောင့် ယုံကြည်မှုမရနိုင်သည့် အနေအထား ဖြစ်နေကြရသည်။
ခြွင်းချက်တခုကမူ အန်အယ်လ်ဒီ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လူအများက နှစ်လို ထောက်ခံနေကြခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ဦးနေ၀င်းအစိုးရ လက်ထက်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးသော်လည်း လူအများက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အသက် ၈၀ ထဲသို့ ၀င်လာပြီဖြစ်သော ဦးတင်ဦးလည်း အိမ်အကျယ်ချုပ် ကျခံနေရ သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်သည်ပင် အသက် ၆၃ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။
နုတ်ထွက်စာတင်ခဲ့ကြသည့် လူငယ်များမှာ ပါတီအနာဂတ်အတွက် အမှန်တကယ် အရေးပါသူများ ဖြစ်ကြသည်။ ယခုလို အစုလိုက်အပြုံလိုက် နုတ်ထွက်ခြင်းကို လျစ်လျူရှုမနေသင့်သလို၊ လျှော့တွက်၍ မဖြစ်နိုင်ပါ။
ယခုအချိန်သည် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်မှုအတွက် သေရေးရှင်ရေး အချိန်ဖြစ်နေပေပြီ။ အတိုက်အခံပါတီ၏ အိမ်ကိုယ်နှိုက်က ပြိုလုတည်းတည်း အခြေအနေတွင် စစ်အစိုးရ၏ အာဏာရှင်လုပ်ရပ်များကိုသာ ထိုင်ဝေဖန်နေ၍ အကျိုးမရှိနိုင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွတ်ရေးရရှိရန် အရေးကြီးသကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အတွင်း၌လည်း ညီညွတ်ရေးက အရေးကြီးလှသည်။ သို့မှသာ နိုင်ငံ အနာဂတ်လှပနိုင်မည် ဖြစ်သည်။
ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအဖို့ ရှင်းလင်း၊ ပြတ်သားသည့် မူဝါဒ ရည်မှန်းချက်များအောက်တွင် စုစည်း ညီညွတ်ရတော့မည့် အချိန်ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် အန်အယ်လ်ဒီ ပါတီက မိမိပါတီအတွင်း ကွဲပြားနေမှု၊ မယုံ သင်္ကာ သံသယလွှမ်းမိုးနေမှုများကို အလျင်အမြန်ပြင်ဆင်ပြီး ဦးဆောင်သက်သေပြရတော့မည့် အချိန်ဖြစ်ပါသည်။
ကျော်စွာမိုးရေးသားသည့် A House Divided ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အိုဘားမားလား မက်ကိန်းလား
အေးချမ်းမြေ့ | အောက်တိုဘာ ၂၈၊ ၂၀၀၈
အမေရိကန်နိုင်ငံ၏ သမ္မတလောင်းများ ဖြစ်ကြသော ဘားရက် အိုဘားမားနှင့် ဂျွန်မက်ကိန်းတို့ ၂ ဦးအပေါ်၌ ပြည်တွင်း ပြည်ပရှိ မြန်မာများ၏ မျှော်လင့်ပုံခြင်း မတူညီကြသော်လည်း ၎င်းတို့ ၂ ဦး၏ မြန်မာပြည်အပေါ် ထားသည့် သဘောထား မှာမူ များစွာ မကွာခြားလှပေ။
ယခုအခါ အမေရိကန် သမ္မတ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်း ခန့်သာ လိုတော့သည်။ မြန်မာ အများစု ကတော့ ဂျွန်မက်ကိန်းသာ အနိုင်ရခဲ့ပါမူ မြန်မာပြည်၏ ဒီမိုကရေစီအရေးအတွက် အားတက်ဖွယ်ဖြစ်သည်ဟု မျှော်လင့်နေ ကြသည်။ သို့ရာတွင် အိုဘားမားကို ထောက်ခံသူ မြန်မာများကမူ ၎င်းကသာ လူ့အခွင့်အရေး ကိစ္စရပ်များကို ပိုမို ဂရုစိုက်သည့် အတွက် သူအနိုင်ရရှိပါမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စရပ် များ ဖြေရှင်းနိုင်ရန် အခွင့်အလမ်း သာလိမ့်မည်ဟု ဆိုကြသည်။
ဆန္ဒမဲ ပေးခွင့်ရမည့် အမေရိကန် အခြေစိုက် မြန်မာများက အမေရိကန် အလုပ်သမားသမဂ္ဂ တခုလုံးမှာ အိုဘားမားအတွက် ထင်ရှားစွာ မဲဆွယ်ပေးနေသည်ဟု ဆိုသည်။ ၎င်းတို့မှာ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်နေကြသူများလည်း ဖြစ်သည်။
လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်လျှက်ရှိသည့် ၁၉၈၈ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန် ကမူ မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားသည်ဟု ယူဆသော ဂျွန်မက်ကိန်းကိုသာ ထောက်ခံသည်ဟု ဆိုသည်။
“မက်ကိန်းက မြန်မာပြည်အရေးကိုတော်တော်လေး စိတ်ဝင်စားတယ်။ ပြီးတော့ သူက မြန်မာပြည်ကိုလည်း ရောက်ဖူးတယ်။ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စတွေမှာလည်း သူက အားတက်သရော ဦးဆောင် ခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။
ဆက်လက်၍ ကိုမိုးသီးဇွန်က အိုဘားမားသည် ဂျွန်မက်ကိန်းထက် မြန်မာပြည်နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဟု ဝေဖန်သည်။
၁၉၉၀ ပြည့်နှစ်က ဂျွန်မက်ကိန်းသည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် လွှတ်တော်အမတ်အဖြစ် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တွေ့ဆုံဖူးသမျှထဲမှာ အကြီးမြတ်ဆုံး လူသားပဲ” ဟု ပြောဆိုခဲ့သည်။
လက်ရှိ အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်၏ ဇနီးဖြစ်သူ လော်ရာဘုရှ်ကဲ့သို့ပင် ဂျွန်မက်ကိန်း၏ ဇနီးသည် စင်ဒီ မက်ကိန်းသည်လည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချသူ တဦးဖြစ်သည်။ ဇွန်လက ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်ရင်း မြန်မာအစိုးရသည် လူ့အဖွဲ့အစည်းအတွက် တန်းဖိုးမရှိဟု စင်ဒီမက်ကိန်းက ဝေဖန်ခဲ့သေးသည်။
“တော်တော်ကြောက်စရာကောင်းတဲ့ လူတွေပဲ။ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာ၊ ဝေဒနာ ခံစားနေရ တာကို သူတို့က ဘာမှမဖြစ်သလိုပဲ နေနိုင်တဲ့ အုပ်ချုပ်သူတွေ” ဟု သူက စစ်အစိုးရကို ပြစ်တင်ခဲ့သည်။
သို့ရာတွင် အမေရိကန်နိုင်ငံသား မြန်မာတဦးဖြစ်သူ ကိုရွှေ၏ အမြင်ကမူ ကိုမိုးသီးဇွန်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် အိုဘားမားကို သမ္မတအဖြစ် မဲပေးမည်ဟု ဆို၏။
“သမ္မတ ကလင်တန်လက်ထက်က ကျနော် အမေရိကားကို စရောက်တာ။ အဲဒီတုန်းက အလုပ် အလွယ်တကူ ရခဲ့တယ်။ ဒါပေမယ့် သမ္မတဘုရှ်လည်း တက်လာရော နိုင်းအလဲဗင်း (9/ 11) ပြဿနာဖြစ်ရော။ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့ တော်တော်လေး ရုန်းကန်ကြရတယ်။ ရီပတ်ဘလစ်ကန် သမ္မတ သက်တမ်း ၂ ဆက်အတွင်း စီးပွားရေး လုံးဝ ကျဆင်း တာကို ပြတာပဲ။ ဒီအကျိုးဆက်ကို အမေရိကန်မှာ နေတဲ့သူတွေ အားလုံး ခံနေရတာ” ဟု ကိုရွှေက ပြောပြသည်။
ဆက်လက်၍ သူက သမ္မတ ရွေးကောက်ပွဲတွင် ဂျွန်မက်ကိန်း အနိုင်ရသည့်တိုင်အောင် မြန်မာပြည်၏ အာဏာရှင် စစ်အစိုးရ အုပ်ချုပ်မှု အဆုံးသတ်မည် မသတ်မည်ကို ပြောရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။
မိုးမခ အင်တာနက်ဝက်ဘ်ဆိုက်ကို တည်ထောင်သူ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် မောင်ရစ် ကလည်း အိုဘားမားကိုသာ နှစ်သက် သဘောကျ သည်ဟု ဆိုသည်။ သူက အိုဘားမား၏ ငယ်ရွယ်နုပျိုမှုကြောင့် ပိုမိုလက်ခံလိုချင်း ဖြစ်သည်။
“သူ့အသက်က ၄၆ နှစ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်လောက်ပဲ” ဟု မောင်ရစ်က ပြောသည်။
မြန်မာပြည်တွင်းရှိ အပတ်စဉ် ဂျာနယ်များတွင်လည်း အမေရိကန် သမ္မတလောင်းများနှင့် ပတ်သက်၍ ရေးသား ဖော်ပြမှုများ ရှိသည်။ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သော မြန်မာတိုင်းမ်စ် ဂျာနယ်က လော့စ်အိန်ဂျလိစ် တိုင်းမ် သတင်းစာတွင် ပါရှိသော သမ္မတလောင်းနှင့် ပတ်သက်သည့် ကြိုတင်ဆန္ဒမဲများကို ပြန်လည် ဖော်ပြပေးခဲ့သည်။ ထိုသို့ ဖော်ပြရာတွင် အိုဘားမားက ၅၀ ရာခိုင်နှုန်းကျော်ရရှိပြီး ဂျွန်မက်ကိန်းက ၄၁ ရာခိုင်နှုန်း ရရှိသည့်အတွက် အိုဘားမားက ၉ ရာခိုင်နှုန်း ကျော် အနိုင်ရရှိနေသည်ကို တွေ့ရသည်။
ဝိကလီး အလဲဗင်း ဂျာနယ်ကလည်း ကြိုတင်မဲခွဲ ဆုံးဖြတ်ခြင်းမှာ နောက်ဆုံးစကားစစ်ထိုးပွဲ ပြီးမှ ဆန္ဒခံယူ ထားခြင်းဖြစ် သောကြောင့် အိုဘားမားမှာ သမ္မတရာထူးရရန် သေချာသလောက်ရှိသည်ဟု ဖော်ပြသည်။
သည်ဗွိုက်စ် အပတ်စဉ်ဂျာနယ်ကမူ ယခုတပတ် နိုင်ငံတကာ သတင်းကဏ္ဍတွင် အိုဘားမား အနေနှင့် မက်ကိန်းကို အလဲ ထိုးနိုင်လိမ့်မည်ဟု ရုရှားအစိုးရက မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။
“မြန်မာပြည်က အပတ်စဉ် ဂျာနယ်တိုင်း လိုလိုမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ သတင်းတွေ ဖော်ပြ နေကြတယ်။ အများစုကတော့ အိုဘားမားကို ပိုလက်ခံတယ်။ ကျနော်ကတော့ မက်ကိန်းကို ပိုကြိုက်တယ်ဗျ။ သူက ပိုပြီး လက်တွေ့ကျ တယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သမားတဦးက သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “တချို့ကတော့ မက်ကိန်းက အသက် ၇၀ ကျော်နေပြီ လို့ ပြောကြတယ်။ စစ်အေး တိုက်ပွဲကို အဆုံးသတ်ခဲ့တဲ့ သမ္မတ ရေဂင်ဆိုရင် ဘယ်လိုလုပ်မလဲ အဲဒီအချိန်မှာ သူ့အသက်က ၇၀ ကျော်နေပြီလေ” ဟု ဆိုသည်။
ရန်ကုန်တွင် နေထိုင်နေသည့် လူငယ်အများစုကမူ ဂျွန်မက်ကိန်းထက် အိုဘားမားကို ပိုမိုနှစ်သက်ကြသည်။ ရန်ကုန် အခြေစိုက် ယူအန် အေဂျင်စီတွင် လုပ်ကိုင်နေသော ကိုအောင်မင်းက “အိုဘားမားက ငယ်တယ်၊ ပြီးတော့ သူသာ အမေရိကန်သမ္မတဖြစ်ရင် ပထမဦးဆုံး လူမည်း အမေရိကန် သမ္မတဖြစ်မှာလေ” ဟု ဆိုသည်။
ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်း တခုတွင် လုပ်ကိုင်နေသည့် မဆွေကလည်း အိုဘားမားမှာ ငယ်ရွယ်နုပျို၍ ပိုမို တက်ကြွစွာ လုပ်ကိုင်နိုင်မည်ဟု ယူဆရသောကြောင့် ပိုမိုလက်ခံသည်ဟု ပြောသည်။
လေ့လာသူတို့ကမူ ဂျွန်မက္ကိန်းမှာ မြန့်မာ့အရေးကို ပွင့်လင်းစွာ ပြောဆိုပြီး အိုဘားမားက တခွန်းတပါဒမှ မဟသော်လည်း မြန်မာ့အရေးအတွက် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် နှစ်ခုစလုံး မျှတစွာ ဆောင်ရွက် သင့်သည်ဟု သုံးသပ်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဂျွန်မက်ကိန်းနှင့် အိုဘားမား ၂ ဦးစလုံးပင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထား အတူတူပင်ဖြစ် သောကြောင့် မည်သူအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အရေးမကြီးလှဟု ဆိုသည်။
ရန်ကုန်တွင် နေထိုင်သည့် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးချန်ထွန်းက “အိုဘားမား အနိုင်ရရင် ကမ္ဘာကြီး အတွက် ကောင်းတယ်။ ဂျွန်မက်ကိန်းနိုင်ရင်တော့ မြန်မာပြည်အတွက် ကောင်းတယ်” ဟု သုံးသပ်သည်။

“စစ်အဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိုးသမီးအဖွဲ့ထုတ်ပြန်
အေးလဲ့ | အောက်တိုဘာ ၂၈၊ ၂၀၀၈
မြန်မာနိုင်ငံတွင် ကျား၊မ ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ ‘စစ်အဏာရှင် ကြီးစိုးမှုမှောင်ရိပ်’ အမည်ရှိ အစီရင် ခံစာတစောင်ကို ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ) (WLB) က အောက်တိုဘာ၂၆ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
WLB (Women’s League of Burma)၏ အစီရင်ခံစာတွင် အမျိုးသမီးနှင့် ပညာရေး၊ ကျန်းမာရေး၊ နယ်စပ် ဒေသ လူကုန် ကူးမှု တိုးပွားနေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးဖွံ့ဖြိုးရေး၊ နိုင်ငံ အနှံ့အပြား အမျိုးသမီးများ အပေါ်အကြမ်းဖက်နေမှု စသည့် အဓိကအကြောင်းအရာ ၅ ချက်ကို အခြေခံ ထောက်ပြထားသည်။
ယင်း WLB ၏ အစီရင်ခံစာသည် နအဖ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ စီဒေါကော်မတီ သို့ပေးပို့ သည့် အစီရင်ခံစာအပေါ် ထောက်ပြဝေဖန်ထားခြင်းဖြစ်သည်ဟုလည်းသိရသည်။
၂၀၀၇ခုနှစ်အတွင်းက ဒုတိယနှင့်တတိယ နှစ်ကြိမ်ပေါင်း စစ်အစိုးရ၏ စီဒေါကော်မတီ သို့ ပေးပို့ထားသော အစီရင်ခံစာများ အရ “မြန်မာအမျိုးသမီးများသည် မမွေးဖွားမီကပင် အမျိုးသမီး အခွင့် အရေးကိုများ ရရှိခံစား နေရသည်” ဆိုသည့် အချက်မှာ လုံးဝမဟုတ်မှန်ကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေ့လာမည့် နိုဝင်ဘာလ ၃ရက်နေ့တွင် နအဖ အမျိုးသမီးများကိုယ်စားလှယ် အဖွဲ့က ၎င်းတို့တင်ပြထားသည့် အစီရင်ခံစာ မှန်ကန်ကြောင်း၊ စီဒေါကော်မတီနှင့် သုံးသပ်မည့် စည်းဝေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရ သည်။
မြန်မာစစ်အစိုးရသည် စီဒေါစာချုပ်(CEDAW - အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်)ကို ၁၉၉၇ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့၏ ပထမဆုံး အစီရင် ခံစာကို ၁၉၉၉ခုနှစ်တွင် စီဒေါကော်မတီသို့ ပေးပို့ခဲ့သည်။ ၎င်းအစီရင်ခံစာကို ၂၂ကြိမ်မြောက် စီဒေါကော်မတီ က သုံးသပ်ခဲ့ကြောင်းလည်း WLB ၏ အစီရင်ခံစာ အနှစ်ချူပ်ပိုင်း တွင်ဖော်ပြထားသည်။
WLB အစီရင်ခံစာပြုစုသူများထဲမှ တာဝန်ရှိသူ တဦးဖြစ်သည့် ချယ်ရီဇာဟောင်က “နအဖ အစိုးရက တင်ပြ ထားတဲ့ မြန်မာ ပြည်မှာရှိတဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မခံရပါဘူး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လုပ်ငန်း ကိုင်ငန်းတွေ အားလုံးအဆင် ပြေပါတယ်လို့ ပြောဆိုထားခြင်းအပေါ် မဟုတ်မှန်ကြောင်း ကျမတို့ကလည်း အစီရင်ခံစာမှာသက်သေအချက်အလက်နဲ့ ဖော်ပြထားပါတယ်။ စီဒေါကော်မတီကလည်း ကုလသမဂ္ဂအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဒီအချက်အလက်တွေကို နအဖ ကိုဖိအားပေးပြောဆိုရာမှာ အသုံးပြုနိုင်ပါ တယ်” ဟုပြောသည်။
နအဖ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အစီရင်ခံစာ၌ မြန်မာအမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု များ မရှိဟု ဖော်ပြထားသော်လည်း ၂၀၀၅ ခုနှစ် နှင့် ၂၀၀၈ခုနှစ် အတွင်း တရုတ်- မြန်မာ နယ်စပ်ရှိ မူဆယ် မြို့နှင့် ရွှေလီမြို့များတွင် မြန်မာအမျိုးသမီးများ အရောင်းအ၀ယ်ပြုလုပ်ခံရမှု ပိုမိုများပြားလာသည်ကို တွေ့ ရကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
လူမှောင်ခို ပွဲစားများသည် မိသားစုလိုက် မြန်မာလူမျိုးများပင်ဖြစ်ပြီး အရောင်းစားခံမိန်းကလေးများကို သတ်ဖြတ်သည် အထိဖြစ်လာကြောင်းနှင့် ၎င်းအရောင်းစားခံ မြန်မာမိန်းကလေးများသည် တရုတ်ပြည် အန်းဝေးပြည်နယ်ပိုင်းရှိ တရုတ် လူမျိုးများလက်တွင် နှိပ်စက်မှုအမျိုးမျိုးနှင့် ဆိုးရွားလှသည့် ရာသီဥတုဒဏ်ကို ခံရကြောင်း၊ အသက်ဆုံးရှုံးရမှုများလည်း ရှိကြောင်းတို့ကို ဦးအောင်ကျော်ဇော က ဆက်လက်ပြောဆိုသည်။
တရုတ်ပြည်အိုလံပစ်ပွဲမတိုင်မီ တရုတ်အာဏာပိုင် ဒေသအလိုက်နှင့် လူဝင်မှုကြည့်ကြပ်ရေးတို့ပူးပေါင်းပြီး မှတ်ပုံတင်မရှိဘဲ နေထိုင်သည့် မြန်မာအမျိုးသမီး ၂၀၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံရကြောင်းလည်း ၎င်းက ပြောသည်။
ထိုသို့ဖမ်းဆီးခံနေရသူများထဲမှ ၂၄ဦးကိုမူ ရွှေလီရှိ လူမှောင်ခိုကူးမှုတားဆီးရေးအဖွဲ့သို့ တရုတ်အာဏာပိုင်များက ပို့ဆောင် ခဲ့ကြောင်းလည်းသိရသည်။
“လူမှောင်ခို ရောင်းဝယ်မှုနဲ့ပတ်သက်လို့ မှောင်ခိုဂိုဏ်းတွေ ပပျောက်အောင်တက်တက်ကြွကြွ လုပ်ဆောင်မှုမှာ ဗမာအစိုးရ က ထင်သလောက်မလုပ်ဘူးဖြစ်နေတယ်။ အရောင်းအစားခံရတဲ့ အမျိုးသမီးတွေမှာ အပြန် ခရီးစရိတ်ကအစ ဖြေရှင်းပေးဖို့ အစိုးရ အောက်ခြေဌာနမရှိဘူး”ဟု ဦးအောင်ကျော်ဇောက ပြောဆိုသည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရောက်ရှိ
ကိုစိုး | အောက်တိုဘာ ၂၈၊ ၂၀၀၈
မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းသည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ ယမန်နေ့က ရောက်ရှိနေ ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကို မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ၀န်ကြီး ကင် ရန် အီးလ် က လေဆိပ်တွင် ကြိုဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ပတ် အီ ချွန်းက မြို့တော် ပြုံယမ်းရှိ မြို့တော်ခန်းမတွင် တွေ့ဆုံ နှုတ်ဆက်သည်ဟု မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းအေဂျင်စီက ဖော်ပြသည်။ အသေးစိတ် သတင်း အချက်အလက်ကိုမူ ဖော်ပြထား ခြင်းမရှိချေ။
ယခု ခရီးစဉ်သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး တဦးအနေနှင့် ပထမ ဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရသည်။
ယင်း ၀န်ကြီး ဦးဥာဏ်ဝင်းသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် အာရှ-ဥရောပ (အာဆမ်)အစည်း အဝေး တက်ရောက်ပြီးနောက် ပြုံယမ်းသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အစိုးရ တာဝန်ရှိသူတဦးကို ကိုးကား ၍ အေပီသတင်းကလည်း ရေးသားသည်။
မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။
ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိန်ထောင်တွင် ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခဲ့သည်။
မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ထိုကဲ့သို့ ၂ နိုင်ငံ သံတမန် ပုံမှန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် နှစ် ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့ကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရတို့အကြားတွင် လက်နက်ဝယ်ယူရေး ကိစ္စများအပါအ၀င် ၂ ဘက် အပြန် အလှန် ဆက်ဆံရေးတိုးချဲ့နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က လည်း ပြောသည်။
“မြောက် ကိုရီးယားနဲ့ မြန်မာအစိုးရကြားမှာ လက်နက်ဝယ်ယူရေး ကိစ္စတွေ အပါအ၀င် ၂ ဘက် အပြန်အလှန် ဆက်ဆံရေး တိုးချဲ့နေ တာလည်းရှိတယ်၊ ရန်ကုန် ဆိပ်ကမ်းကို မြောက်ကိုရီးယား စစ်သင်္ဘောတွေ ဆိုက်ပြီး တော့ အမြောက်ကြီးတွေ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေပေးပို့တဲ့ သာဓကတွေလည်း တွေ့ရတာရှိတယ် ဆိုတော့ အခု နိုင်ငံခြားရေး ၀န်ကြီး သွားတဲ့ ကိစ္စဟာ နောက်ကွယ်မှာ လက်နက်အရောင်း အ၀ယ် ကိစ္စတွေဆက်စပ်ကောင်း ဆက်စပ် မယ်လို့ ပြောလို့ ရပါတယ်” ဟု ဦးဌေးအောင်က ပြောဆိုသည်။
စစ်အစိုးရက တရုတ်၊ အိန္ဒိယနှင့် ရုရှနိုင်ငံများမှ မရရှိနိုင်သော လက်နက်ပစ္စည်းများကို မြောက်ကိုရီးယားမှ ၀ယ်ယူတင်သွင်း ရန် ကြိုးပမ်းနေကြောင်း၊ နျူကလီးယားနည်းပညာကို မြောက်ကိုရီးယားက ဈေးပေါပေါဖြင့် ရောင်းချလိမ့်မည်ဟု ယူဆရ ကြောင်း၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံသည် စီးပွားရေး အကြပ်အတည်းနှင့် ကြုံတွေ့နေရသည့် နိုင်ငံများဖြစ်ပြီး နိုင်ငံ တကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေကြရသောကြောင့် အပြန်အလှန် ထောက်ခံမှု ရှိမည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြောက်ကိုရီးယားသမ္မတ ကင်အီဆွန်း လက်ထက်တွင် ပထမဆုံး မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဟောင်း ဖြစ်ခဲ့ဖူးသူ သခင်ချန်ထွန်းကလည်း မြန်မာနှင့် မြောက်ကိုရီးယား ၂ နိုင်ငံ စလုံးမှာ စီးပွားရေး ကြပ်တည်းနေသော နိုင်ငံများဖြစ်သည့်အတွက် ယခု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ခရီးစဉ်သည် စီးပွားရေး အတွက် မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ကိုယ့်နိုင်ငံကိုလာရောက်ပြီး ဒီလောက်စော်ကားထားတဲ့ နိုင်ငံအစိုးရကို အသိအမှတ်ပြုပြီး သံတမန်ရေး ပြန်ဆက်ဆံတာဟာ တော်ရုံကိစ္စတော့ မဟုတ်ပါဘူး၊ လက်နက်ကိစ္စ၊ နျူကလီးယားကိစ္စအတွက် အကူအညီ ရနိုင်ဖို့ သွားတယ်လို့ ဒီလိုပဲ ယူဆတယ်” ဟု သခင်ချန်ထွန်းကပြောသည်။
မကြာသေးခင်က မြောက်ကိုရီးယားသို့ အားကစား ၀န်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့် သွားရောက်ခဲ့ကြောင်း နှင့် ယခုနှစ် အစောပိုင်းက စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တချို့သည်လည်း အလည်အပတ် သွားရောက်ခဲ့သေး ကြောင်း သိရသည်။
လွန်ခဲ့သော စက်တင်ဘာလလယ်က ၂ နိုင်ငံ သံတမန် ဆက်ဆံရေးအတွက် ရန်ကုန်မြို့တော် ၀န် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး ယင်းမတိုင်မီ ဇူလိုင်လနှင့် သြဂုတ်လအတွင်း က တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးတင်အေးနှင့် လေကြောင်း ရန် ကာကွယ်ရေး အရာရှိ ချုပ် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့ပါဝင်သော အဖွဲ့တဖွဲ့သည်လည်း မြောက်ကိုရီးယား သို့ သွားရောက်ခဲ့ ကြောင်း၊ လွန်ခဲ့သော ၃ လ အတွင်း မြောက်ကိုရီးယားသို့ အစိုးရအဆင့်ရှိ မြန်မာစစ်တပ်အရာရှိ အဖွဲ့ အနည်းဆုံး ၃ ဖွဲ့ သွားရောက်ခဲ့ကြောင်းတို့ကို အေးရှားတိုင်း သတင်းဌာနက အောက်တိုဘာလဆန်းတွင် ရေးသားထားသည်။

ရန်ကုန်ကို နာဂစ်တစ္ဆေခြောက်
ကိုသက် | အောက်တိုဘာ ၂၈၊ ၂၀၀၈
လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များအတွင်း ရန်ကုန်မြို့တွင် မိုးများဆက်တိုက်ရွာသွန်းခဲ့ပြီး မုန်တိုင်းတိုက်ခိုက်မည် ဟူသည့်သတင်းများကြောင့် မြို့နေလူထု အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ရှင်မတဦးက “လွန်ခဲ့တဲ့နှစ်ရက်လောက်က မိုးကလည်း အရမ်းကြီးတော့ အတော် လေးလန့်ကြတာပေါ့၊ တခါဖြစ်ဖူးပြီးပြီဆိုတော့ ကြောက်တာမှ ဒီကလူတွေ နေစရာကိုမရှိတာ။ အခုတော့ အေးချမ်းသွား ပြီပေါ့” ဟု ဧရာဝတီကို ပြောသည်။
“မနေ့ကဆို ကျမကလေးကို ကျောင်းတောင်မလွှတ်ဘူး။ ပြီးခဲ့တဲ့ရက်တွေက ၃၆ နာရီအတွင်းတို့၊ ၂၄ နာရီအတွင်းတို့ ပြင်းပြင်းထန်ထန်တိုက်ခတ်မယ်လို့ သတင်းစာကရေးထားလို့။ မုန်တိုင်းတိုက်မယ်လို့တော့ မရေးဘူးပေါ့” ဟုလည်း အဆိုပါအိမ်ရှင်မက ဆက်ပြောသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ မိုးလေဝသခန်မှန်းချက်တွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတို့ကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁သိန်း ၃ သောင်း ၄ ထောင် ခန့်ရှိမည်ဟု ကမ္ဘာ့ကုလသမဂ္ဂကခန့်မှန်းထားပြီး စစ်အစိုးရကမူ သေဆုံးသူ ၇ သောင်း ၈ ထောင် နှင့် ပျောက်ဆုံးသူ ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟု ကြေညာခဲ့သည်။
အဆိုပါ အဖြစ်ဆိုးများကြောင့် ယခုအခါ နာဂစ်ဖြတ်သန်းခဲ့ရာလမ်းကြောင်းတလျှောက် နေထိုင်သူများသည် မိုးသည်းထန် သည့်အချိန်နှင့် ကောင်းကင်၌ မိုးအုံ့သည့်အခါများတွင် မထင်မှတ်သည့်အရပ်မှ အန္တရာယ်တစုံတရာ ထွက်လာတော့ မယောင် စိုးရိမ်နေကြခြင်းဖြစ်သည်။
ရန်ကုန်ရှိ လုပ်ငန်းရှင်တဦးက “တနင်္ဂနွေနေ့က လမ်းပေါ်မှာကားတွေတောင်မရှိဘူး၊ ရှင်းနေတာ … နာဂစ်တုန်းက မိုးလေဝသက စိုးရိမ်စရာမရှိဘူးကြေညာပြီး တကယ်ဝင်လာတော့ အများကြီးသေကုန်တော့ အားလုံးက လန့်နေကြတာပေါ့” ဟု ပြောသည်။
“လူတွေက ကောင်းကင်ကိုကြည့်ပြီး ကြောက်နေကြတာဗျ၊ အိမ်ထဲကအိမ်ပြင်တောင်သိပ်မထွက်ကြဘူး၊ အဲဒါ တနင်္ဂနွေ နေ့က။ ဧရာဝတီတိုင်းကလူတွေလည်း တော်တော်ကြောက်လန့်နေကြမှာပဲလို့လည်း ရန်ကုန်မှာပြောနေကြတယ်။ ကိုယ်ချင်း စာကြတာပေါ့ဗျာ” ဟု ၎င်းကဆက်ပြောသည်။
မိုးများသည်းထန်သည့်အတွက် ရန်ကုန်တွင် သွားလာရေးခက်ခဲခြင်း၊ ရေနုတ်မြောင်းစနစ် ကောင်းမွန်မှုမရှိသဖြင့် လမ်းမ ကြီးများပေါ် ရေတင်ခြင်းများကို ကြုံတွေ့ခဲ့ရသော်လည်း လူအများစိုးရိမ်နေသည့်မုန်တိုင်းသည် ဘင်္ဂလားဒေရှ့် နိုင်ငံ ကမ်းခြေကို ဖြတ်သန်းတိုက်ခိုက်သွားကြောင်း သိရသည်။
လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များအတွင်း ရန်ကုန်မြို့တွင် မိုးများဆက်တိုက်ရွာသွန်းခဲ့ပြီး မုန်တိုင်းတိုက်ခိုက်မည် ဟူသည့်သတင်းများကြောင့် မြို့နေလူထု အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ရှင်မတဦးက “လွန်ခဲ့တဲ့နှစ်ရက်လောက်က မိုးကလည်း အရမ်းကြီးတော့ အတော် လေးလန့်ကြတာပေါ့၊ တခါဖြစ်ဖူးပြီးပြီဆိုတော့ ကြောက်တာမှ ဒီကလူတွေ နေစရာကိုမရှိတာ။ အခုတော့ အေးချမ်းသွား ပြီပေါ့” ဟု ဧရာဝတီကို ပြောသည်။
“မနေ့ကဆို ကျမကလေးကို ကျောင်းတောင်မလွှတ်ဘူး။ ပြီးခဲ့တဲ့ရက်တွေက ၃၆ နာရီအတွင်းတို့၊ ၂၄ နာရီအတွင်းတို့ ပြင်းပြင်းထန်ထန်တိုက်ခတ်မယ်လို့ သတင်းစာကရေးထားလို့။ မုန်တိုင်းတိုက်မယ်လို့တော့ မရေးဘူးပေါ့” ဟုလည်း အဆိုပါအိမ်ရှင်မက ဆက်ပြောသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ မိုးလေဝသခန်မှန်းချက်တွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတို့ကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁သိန်း ၃ သောင်း ၄ ထောင် ခန့်ရှိမည်ဟု ကမ္ဘာ့ကုလသမဂ္ဂကခန့်မှန်းထားပြီး စစ်အစိုးရကမူ သေဆုံးသူ ၇ သောင်း ၈ ထောင် နှင့် ပျောက်ဆုံးသူ ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟု ကြေညာခဲ့သည်။
အဆိုပါ အဖြစ်ဆိုးများကြောင့် ယခုအခါ နာဂစ်ဖြတ်သန်းခဲ့ရာလမ်းကြောင်းတလျှောက် နေထိုင်သူများသည် မိုးသည်းထန် သည့်အချိန်နှင့် ကောင်းကင်၌ မိုးအုံ့သည့်အခါများတွင် မထင်မှတ်သည့်အရပ်မှ အန္တရာယ်တစုံတရာ ထွက်လာတော့ မယောင် စိုးရိမ်နေကြခြင်းဖြစ်သည်။
ရန်ကုန်ရှိ လုပ်ငန်းရှင်တဦးက “တနင်္ဂနွေနေ့က လမ်းပေါ်မှာကားတွေတောင်မရှိဘူး၊ ရှင်းနေတာ … နာဂစ်တုန်းက မိုးလေဝသက စိုးရိမ်စရာမရှိဘူးကြေညာပြီး တကယ်ဝင်လာတော့ အများကြီးသေကုန်တော့ အားလုံးက လန့်နေကြတာပေါ့” ဟု ပြောသည်။
“လူတွေက ကောင်းကင်ကိုကြည့်ပြီး ကြောက်နေကြတာဗျ၊ အိမ်ထဲကအိမ်ပြင်တောင်သိပ်မထွက်ကြဘူး၊ အဲဒါ တနင်္ဂနွေ နေ့က။ ဧရာဝတီတိုင်းကလူတွေလည်း တော်တော်ကြောက်လန့်နေကြမှာပဲလို့လည်း ရန်ကုန်မှာပြောနေကြတယ်။ ကိုယ်ချင်း စာကြတာပေါ့ဗျာ” ဟု ၎င်းကဆက်ပြောသည်။
မိုးများသည်းထန်သည့်အတွက် ရန်ကုန်တွင် သွားလာရေးခက်ခဲခြင်း၊ ရေနုတ်မြောင်းစနစ် ကောင်းမွန်မှုမရှိသဖြင့် လမ်းမ ကြီးများပေါ် ရေတင်ခြင်းများကို ကြုံတွေ့ခဲ့ရသော်လည်း လူအများစိုးရိမ်နေသည့်မုန်တိုင်းသည် ဘင်္ဂလားဒေရှ့် နိုင်ငံ ကမ်းခြေကို ဖြတ်သန်းတိုက်ခိုက်သွားကြောင်း သိရသည်။
ညီညွတ်မှု ပြိုကွဲလေသောအခါ
ကျော်စွာမိုး | အောက်တိုဘာ ၂၈၊ ၂၀၀၈
ယခု ပြဿနာက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရသည့် လိပ်ခဲတည်းလည်း အခြေအနေမျှသာ မဟုတ်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံ ပါတီကြီးအတွင်း၌လည်း အတွင်း ကြိတ် ပြဿနာများ၊ နိုင်ငံရေး မကျေလည်မှုများနှင့် ကြုံတွေ့နေပြီဖြစ်သည်။
အဓိကအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ လူငယ်အဖွဲ့ဝင် ၁၀၉ ဦးတို့ မကြာသေးမီက နုတ်ထွက်စာ တင်ကြသည်မှာ ပါတီစတင်တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ပြန်ကြည့်လျှင် အရေး ပါသည့် အဖြစ်အပျက်ဟု ဆိုနိုင်ပါသည်။
ဤဖြစ်ရပ်ကြောင့် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးနေပုံကို မေးခွန်းထုတ်ဖွယ် ဖြစ်လာစေပြီး အသက်အရွယ်ကြီးမြင့်နေကြပြီ ဖြစ်သည့် ပါတီ၏ ခေါင်းဆောင်သူများအတွက် ပို၍ သိက္ခာကျစရာ၊ အားလျော့စရာ ဖြစ်လာစေသည်။
လူငယ်အဖွဲ့ဝင်များက ပါတီ၏ ဆုံးဖြတ်ချက်ချရာ လုပ်ငန်းစဉ်များတွင် သူတို့အနေနှင့် ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်း မကျေလည် ပြောဆိုသံများထွက်လာပြီးနောက် ယခုကဲ့သို့ အစုအပြုံလိုက် နုတ်ထွက်စာတင်ကြခြင်း ဖြစ်သည်။
အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီခေါင်းဆောင်မှုအတွက် လူငယ်အကြံပေး ၆ ဦးနှင့် လူငယ်လှုပ်ရှားမှုများကို ဦးဆောင်ရန် ခေါင်း ဆောင် ၁၀ ဦး တာဝန်ပေး ခန့်အပ်စာ ထွက်လာပြီးနောက် ဤသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်လာရသည်။ လူငယ်များကမူ ပါတီခေါင်းဆောင်ပိုင်းက သူတို့ တင်ပြအဆိုပြုသူများကိုလည်း လက်မခံ၊ အကြံပြုချက်များကိုလည်း နားမထောင်ခဲ့ကြ ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်နေသည့် ပါတီကြီးအတွင်း အဖွဲ့ဝင်များအပေါ် ဒီမိုကရေစီကျင့်သုံးပုံနှင့် ပတ်သက်၍ ဤသို့ဖြစ်ပျက်ရသည်က ဆန်းပြားအံ့သြဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်လည်း ဖြစ်သည်။
“ကျနော်တို့ အဖွဲ့အစည်းက ဒီမိုကရေစီ အဖွဲ့အစည်းပါ။ သည်တော့ ကျနော်တို့တတွေ ဒီမိုကရေစီအခြေခံကို လေးစားလိုက် နာဖို့ လိုတယ်။ အကယ်၍ ကျနော်တို့က ဒီမိုကရေစီ စည်းမျဉ်းတွေကို မလေးစားဘူး ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အတော်ခက်လိမ့်မယ်” ဟု အန်အယ်လ်ဒီ ပါတီ၏ လူငယ်ဌာနများတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သစ္စာရှိရှိလုပ်ကိုင်ခဲ့သူ ကိုခင်ထွန်းက ပြောသည်။ ယခုတော့ သူလည်း နုတ်ထွက်ခဲ့သူများတွင် တဦးအပါအ၀င် ဖြစ်နေပြီ။
ကိုခင်ထွန်းသည် ၁၉၈၈ ခုနှစ် ပါတီ တည်ထောင်ခဲ့ချိန်မှစ၍ စွဲစွဲမြဲမြဲ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ထောင်ကျခဲ့ရသူ ဖြစ်သည်။ ထောင်ထဲတွင် သူ နှစ်အတန်ကြာ နေခဲ့ရပါသည်။ ကိုခင်ထွန်းကဲ့သို့ပင် နုတ်ထွက်ကြသူ ၁၀၉ ဦးထဲတွင် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း ပါဝင်နေကြသည်။
အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များ အနေနှင့် ပါတီကိစ္စ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်တို့၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုသင့်သည်။ မူဝါဒများ ဆုံးဖြတ်ချမှတ်မည်ဆိုလျင်လည်း သူတို့၏ အမြင်များကို လေးလေးစားစား ထည့်သွင်း စဉ်းစား သင့်ပါသည်။
“လူငယ်တွေဆိုတာ အနာဂတ်ပါ။ ကျနော်တို့ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်တာက လူငယ်အဖွဲ့ဝင်တွေရဲ့ အမြင်တွေကို နားထောင်ပေးဖို့ပါပဲ” ဟု ကိုခင်ထွန်းက ပြောသည်။
အမှန်တကယ်တွင် အန်အယ်လ်ဒီ ပါတီက အလားတူပြဿနာမျိုး ကြုံတွေ့လာခဲ့ရသည်မှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့် အချိန်မျိုးတွင် ကြုံတွေ့ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီသက်တမ်း ၁၉ နှစ်တာကာလ အတွင်း ၁၃ နှစ်ကျော် အချုပ် အနှောင်တွင်း နေထိုင်ခဲ့ရသဖြင့် ပါတီအရေးကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နိုင်ခွင့် မရှိဖြစ်နေရသည်။
လက်ရှိ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပိုင်းက သူတို့ကိုယ်သူတို့ ပါတီကို မပျက်စီးရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးသူများဟု ခံယူထားကြသော်လည်း ဒီမိုကရေစီအရေးအတွက် ရှေ့ဆက်ချီတက်နိုင်ရန် အတွေးအမြင်နှင့် မဟာဗျူဟာ များ ချမှတ် ကြံဆခြင်းကိုမူ ထိုးထွင်းမလုပ်လိုကြပေ။
လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအနေနှင့် ယနေ့ ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုနိုင်စွမ်း ရှိ - မရှိနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရဖူးသလို စိန်ခေါ်မှုများလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးသည်။ လူထု အစိတ် အပိုင်းတချို့၊ ဒီမိုကရေစီအရေး ထဲထဲဝင်ဝင် လှုပ်ရှားနေကြသူများ၊ နိုင်ငံရေးသမားများကလည်း အန်အယ်လ်ဒီနှင့် ပတ်သက်၍ စိတ်ပျက်နေခဲ့ကြသည်။
သူတို့အမြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အလိုအလျှောက်ပဲ့ထိန်းဖြင့် ရေလွှာကြောတွင် ဦးတည်ရာမဲ့ မျော နေသည်ဟု မြင်ကြသည်။ သည်အတိုင်းသွားနေပါက တချိန် ပါတီတခုလုံး၏တန်ဖိုးနှင့် အရေးပါမှုကိုပါ စွန့်လွှတ်လိုက်ရ တော့မည့် အန္တရာယ်ရှိနေသည်ဟု မြင်ကြသည်။
လွန်ခဲ့သည့်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ပါတီဦးဆောင်မှုနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။ ဒေါ်စုက ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူ့ကို စောင့်မနေဘဲ ပါတီ၏ ဦးဆောင်မှုဖြင့် ပြတ်ပြတ် သားသား ရှေ့ဆက်သွားရန်ပြောဆိုခဲ့ဖူးသည်။ ပါတီအနေဖြင့် တခါတရံတွန်းထိုးလှုပ်ရှားရန်လိုသလို တခါတရံ စည်းရုံးသိမ်း သွင်းရန်လည်း လိုသည်ဟု ပြောခဲ့သည်။ တခါတရံ သူက ဦးဆောင်မည်ဖြစ်သော်လည်း၊ တခါတရံ သူကိုယ်တိုင်က အခြား သူများ ဦးဆောင်မှုကို လိုက်ရလိမ့်မည်ဟု ဒေါ်စုက ပြောခဲ့သည်။
လက်တွေ့တွင် ဤပြဿနာက မျိုးဆက်ချင်း ကွာဟမှုကြောင့် ပို၍ကြီးသွားပုံ ရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေနှင့် ဦးလွင်တို့က အသက် ၈၀ နှောင်းပိုင်း၊ ၉၀ ထဲ ၀င်နေကြပြီ။ တချို့သော လှုပ်ရှားသူများကလည်း စစ်တပ် တပ်မှူးများအဖြစ် တာဝန်ထမ်းဖူးခဲ့ကြသည့် သူတို့၏ နောက်ခံသမိုင်းကြောင်း၊ ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အာဏာရှင် စနစ်တွင် ထိပ်တန်းတာဝန်များ ယူခဲ့ဖူးကြသည့် အနေအထားတို့ကြောင့် ယုံကြည်မှုမရနိုင်သည့် အနေအထား ဖြစ်နေကြရသည်။
ခြွင်းချက်တခုကမူ အန်အယ်လ်ဒီ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လူအများက နှစ်လို ထောက်ခံနေကြခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ဦးနေ၀င်းအစိုးရ လက်ထက်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးသော်လည်း လူအများက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အသက် ၈၀ ထဲသို့ ၀င်လာပြီဖြစ်သော ဦးတင်ဦးလည်း အိမ်အကျယ်ချုပ် ကျခံနေရ သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်သည်ပင် အသက် ၆၃ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။
နုတ်ထွက်စာတင်ခဲ့ကြသည့် လူငယ်များမှာ ပါတီအနာဂတ်အတွက် အမှန်တကယ် အရေးပါသူများ ဖြစ်ကြသည်။ ယခုလို အစုလိုက်အပြုံလိုက် နုတ်ထွက်ခြင်းကို လျစ်လျူရှုမနေသင့်သလို၊ လျှော့တွက်၍ မဖြစ်နိုင်ပါ။
ယခုအချိန်သည် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်မှုအတွက် သေရေးရှင်ရေး အချိန်ဖြစ်နေပေပြီ။ အတိုက်အခံပါတီ၏ အိမ်ကိုယ်နှိုက်က ပြိုလုတည်းတည်း အခြေအနေတွင် စစ်အစိုးရ၏ အာဏာရှင်လုပ်ရပ်များကိုသာ ထိုင်ဝေဖန်နေ၍ အကျိုးမရှိနိုင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွတ်ရေးရရှိရန် အရေးကြီးသကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အတွင်း၌လည်း ညီညွတ်ရေးက အရေးကြီးလှသည်။ သို့မှသာ နိုင်ငံ အနာဂတ်လှပနိုင်မည် ဖြစ်သည်။
ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအဖို့ ရှင်းလင်း၊ ပြတ်သားသည့် မူဝါဒ ရည်မှန်းချက်များအောက်တွင် စုစည်း ညီညွတ်ရတော့မည့် အချိန်ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် အန်အယ်လ်ဒီ ပါတီက မိမိပါတီအတွင်း ကွဲပြားနေမှု၊ မယုံ သင်္ကာ သံသယလွှမ်းမိုးနေမှုများကို အလျင်အမြန်ပြင်ဆင်ပြီး ဦးဆောင်သက်သေပြရတော့မည့် အချိန်ဖြစ်ပါသည်။
ကျော်စွာမိုးရေးသားသည့် A House Divided ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ယခု ပြဿနာက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရသည့် လိပ်ခဲတည်းလည်း အခြေအနေမျှသာ မဟုတ်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံ ပါတီကြီးအတွင်း၌လည်း အတွင်း ကြိတ် ပြဿနာများ၊ နိုင်ငံရေး မကျေလည်မှုများနှင့် ကြုံတွေ့နေပြီဖြစ်သည်။
အဓိကအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ လူငယ်အဖွဲ့ဝင် ၁၀၉ ဦးတို့ မကြာသေးမီက နုတ်ထွက်စာ တင်ကြသည်မှာ ပါတီစတင်တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ပြန်ကြည့်လျှင် အရေး ပါသည့် အဖြစ်အပျက်ဟု ဆိုနိုင်ပါသည်။
ဤဖြစ်ရပ်ကြောင့် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးနေပုံကို မေးခွန်းထုတ်ဖွယ် ဖြစ်လာစေပြီး အသက်အရွယ်ကြီးမြင့်နေကြပြီ ဖြစ်သည့် ပါတီ၏ ခေါင်းဆောင်သူများအတွက် ပို၍ သိက္ခာကျစရာ၊ အားလျော့စရာ ဖြစ်လာစေသည်။
လူငယ်အဖွဲ့ဝင်များက ပါတီ၏ ဆုံးဖြတ်ချက်ချရာ လုပ်ငန်းစဉ်များတွင် သူတို့အနေနှင့် ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်း မကျေလည် ပြောဆိုသံများထွက်လာပြီးနောက် ယခုကဲ့သို့ အစုအပြုံလိုက် နုတ်ထွက်စာတင်ကြခြင်း ဖြစ်သည်။
အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီခေါင်းဆောင်မှုအတွက် လူငယ်အကြံပေး ၆ ဦးနှင့် လူငယ်လှုပ်ရှားမှုများကို ဦးဆောင်ရန် ခေါင်း ဆောင် ၁၀ ဦး တာဝန်ပေး ခန့်အပ်စာ ထွက်လာပြီးနောက် ဤသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်လာရသည်။ လူငယ်များကမူ ပါတီခေါင်းဆောင်ပိုင်းက သူတို့ တင်ပြအဆိုပြုသူများကိုလည်း လက်မခံ၊ အကြံပြုချက်များကိုလည်း နားမထောင်ခဲ့ကြ ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်နေသည့် ပါတီကြီးအတွင်း အဖွဲ့ဝင်များအပေါ် ဒီမိုကရေစီကျင့်သုံးပုံနှင့် ပတ်သက်၍ ဤသို့ဖြစ်ပျက်ရသည်က ဆန်းပြားအံ့သြဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်လည်း ဖြစ်သည်။
“ကျနော်တို့ အဖွဲ့အစည်းက ဒီမိုကရေစီ အဖွဲ့အစည်းပါ။ သည်တော့ ကျနော်တို့တတွေ ဒီမိုကရေစီအခြေခံကို လေးစားလိုက် နာဖို့ လိုတယ်။ အကယ်၍ ကျနော်တို့က ဒီမိုကရေစီ စည်းမျဉ်းတွေကို မလေးစားဘူး ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အတော်ခက်လိမ့်မယ်” ဟု အန်အယ်လ်ဒီ ပါတီ၏ လူငယ်ဌာနများတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သစ္စာရှိရှိလုပ်ကိုင်ခဲ့သူ ကိုခင်ထွန်းက ပြောသည်။ ယခုတော့ သူလည်း နုတ်ထွက်ခဲ့သူများတွင် တဦးအပါအ၀င် ဖြစ်နေပြီ။
ကိုခင်ထွန်းသည် ၁၉၈၈ ခုနှစ် ပါတီ တည်ထောင်ခဲ့ချိန်မှစ၍ စွဲစွဲမြဲမြဲ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ထောင်ကျခဲ့ရသူ ဖြစ်သည်။ ထောင်ထဲတွင် သူ နှစ်အတန်ကြာ နေခဲ့ရပါသည်။ ကိုခင်ထွန်းကဲ့သို့ပင် နုတ်ထွက်ကြသူ ၁၀၉ ဦးထဲတွင် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း ပါဝင်နေကြသည်။
အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များ အနေနှင့် ပါတီကိစ္စ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်တို့၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုသင့်သည်။ မူဝါဒများ ဆုံးဖြတ်ချမှတ်မည်ဆိုလျင်လည်း သူတို့၏ အမြင်များကို လေးလေးစားစား ထည့်သွင်း စဉ်းစား သင့်ပါသည်။
“လူငယ်တွေဆိုတာ အနာဂတ်ပါ။ ကျနော်တို့ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်တာက လူငယ်အဖွဲ့ဝင်တွေရဲ့ အမြင်တွေကို နားထောင်ပေးဖို့ပါပဲ” ဟု ကိုခင်ထွန်းက ပြောသည်။
အမှန်တကယ်တွင် အန်အယ်လ်ဒီ ပါတီက အလားတူပြဿနာမျိုး ကြုံတွေ့လာခဲ့ရသည်မှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့် အချိန်မျိုးတွင် ကြုံတွေ့ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီသက်တမ်း ၁၉ နှစ်တာကာလ အတွင်း ၁၃ နှစ်ကျော် အချုပ် အနှောင်တွင်း နေထိုင်ခဲ့ရသဖြင့် ပါတီအရေးကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နိုင်ခွင့် မရှိဖြစ်နေရသည်။
လက်ရှိ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပိုင်းက သူတို့ကိုယ်သူတို့ ပါတီကို မပျက်စီးရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးသူများဟု ခံယူထားကြသော်လည်း ဒီမိုကရေစီအရေးအတွက် ရှေ့ဆက်ချီတက်နိုင်ရန် အတွေးအမြင်နှင့် မဟာဗျူဟာ များ ချမှတ် ကြံဆခြင်းကိုမူ ထိုးထွင်းမလုပ်လိုကြပေ။
လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအနေနှင့် ယနေ့ ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုနိုင်စွမ်း ရှိ - မရှိနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရဖူးသလို စိန်ခေါ်မှုများလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးသည်။ လူထု အစိတ် အပိုင်းတချို့၊ ဒီမိုကရေစီအရေး ထဲထဲဝင်ဝင် လှုပ်ရှားနေကြသူများ၊ နိုင်ငံရေးသမားများကလည်း အန်အယ်လ်ဒီနှင့် ပတ်သက်၍ စိတ်ပျက်နေခဲ့ကြသည်။
သူတို့အမြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အလိုအလျှောက်ပဲ့ထိန်းဖြင့် ရေလွှာကြောတွင် ဦးတည်ရာမဲ့ မျော နေသည်ဟု မြင်ကြသည်။ သည်အတိုင်းသွားနေပါက တချိန် ပါတီတခုလုံး၏တန်ဖိုးနှင့် အရေးပါမှုကိုပါ စွန့်လွှတ်လိုက်ရ တော့မည့် အန္တရာယ်ရှိနေသည်ဟု မြင်ကြသည်။
လွန်ခဲ့သည့်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ပါတီဦးဆောင်မှုနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။ ဒေါ်စုက ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူ့ကို စောင့်မနေဘဲ ပါတီ၏ ဦးဆောင်မှုဖြင့် ပြတ်ပြတ် သားသား ရှေ့ဆက်သွားရန်ပြောဆိုခဲ့ဖူးသည်။ ပါတီအနေဖြင့် တခါတရံတွန်းထိုးလှုပ်ရှားရန်လိုသလို တခါတရံ စည်းရုံးသိမ်း သွင်းရန်လည်း လိုသည်ဟု ပြောခဲ့သည်။ တခါတရံ သူက ဦးဆောင်မည်ဖြစ်သော်လည်း၊ တခါတရံ သူကိုယ်တိုင်က အခြား သူများ ဦးဆောင်မှုကို လိုက်ရလိမ့်မည်ဟု ဒေါ်စုက ပြောခဲ့သည်။
လက်တွေ့တွင် ဤပြဿနာက မျိုးဆက်ချင်း ကွာဟမှုကြောင့် ပို၍ကြီးသွားပုံ ရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေနှင့် ဦးလွင်တို့က အသက် ၈၀ နှောင်းပိုင်း၊ ၉၀ ထဲ ၀င်နေကြပြီ။ တချို့သော လှုပ်ရှားသူများကလည်း စစ်တပ် တပ်မှူးများအဖြစ် တာဝန်ထမ်းဖူးခဲ့ကြသည့် သူတို့၏ နောက်ခံသမိုင်းကြောင်း၊ ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အာဏာရှင် စနစ်တွင် ထိပ်တန်းတာဝန်များ ယူခဲ့ဖူးကြသည့် အနေအထားတို့ကြောင့် ယုံကြည်မှုမရနိုင်သည့် အနေအထား ဖြစ်နေကြရသည်။
ခြွင်းချက်တခုကမူ အန်အယ်လ်ဒီ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လူအများက နှစ်လို ထောက်ခံနေကြခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ဦးနေ၀င်းအစိုးရ လက်ထက်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးသော်လည်း လူအများက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အသက် ၈၀ ထဲသို့ ၀င်လာပြီဖြစ်သော ဦးတင်ဦးလည်း အိမ်အကျယ်ချုပ် ကျခံနေရ သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်သည်ပင် အသက် ၆၃ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။
နုတ်ထွက်စာတင်ခဲ့ကြသည့် လူငယ်များမှာ ပါတီအနာဂတ်အတွက် အမှန်တကယ် အရေးပါသူများ ဖြစ်ကြသည်။ ယခုလို အစုလိုက်အပြုံလိုက် နုတ်ထွက်ခြင်းကို လျစ်လျူရှုမနေသင့်သလို၊ လျှော့တွက်၍ မဖြစ်နိုင်ပါ။
ယခုအချိန်သည် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်မှုအတွက် သေရေးရှင်ရေး အချိန်ဖြစ်နေပေပြီ။ အတိုက်အခံပါတီ၏ အိမ်ကိုယ်နှိုက်က ပြိုလုတည်းတည်း အခြေအနေတွင် စစ်အစိုးရ၏ အာဏာရှင်လုပ်ရပ်များကိုသာ ထိုင်ဝေဖန်နေ၍ အကျိုးမရှိနိုင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွတ်ရေးရရှိရန် အရေးကြီးသကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အတွင်း၌လည်း ညီညွတ်ရေးက အရေးကြီးလှသည်။ သို့မှသာ နိုင်ငံ အနာဂတ်လှပနိုင်မည် ဖြစ်သည်။
ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအဖို့ ရှင်းလင်း၊ ပြတ်သားသည့် မူဝါဒ ရည်မှန်းချက်များအောက်တွင် စုစည်း ညီညွတ်ရတော့မည့် အချိန်ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် အန်အယ်လ်ဒီ ပါတီက မိမိပါတီအတွင်း ကွဲပြားနေမှု၊ မယုံ သင်္ကာ သံသယလွှမ်းမိုးနေမှုများကို အလျင်အမြန်ပြင်ဆင်ပြီး ဦးဆောင်သက်သေပြရတော့မည့် အချိန်ဖြစ်ပါသည်။
ကျော်စွာမိုးရေးသားသည့် A House Divided ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Subscribe to:
Posts (Atom)