ဧရာဝတီ | အောက်တိုဘာ ၆၊ ၂၀၀၈
တူရကီနိုင်ငံ မယ်ကာရမြို့ (Malkara) အနီးတွင် ကုန်တင်မော်တော်ယာဉ်တစီး ယမန်နေ့ကတိမ်းမှောက်ခဲ့ရာ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
တိမ်းမှောက်ခဲ့သည့်ကုန်တင်ယာဉ်သည် နောက်ခန်းတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င် အလုပ်သမားများကိုတင်ဆောင်လာသော လူကုန်ကူးသည့် မော်တော်ယာဉ်ဖြစ်သည်ဟု ဒေသအာဏာပိုင်တို့က အတည်ပြုပြောဆိုကြောင်း တူရကီအစိုးရပိုင် Anatolia သတင်းဌာနက ပြောဆိုသည်။
သေဆုံးသူများတွင် မြန်မာနိုင်ငံသားပိုများသည်ဟုလည်း ဒေသအာဏာပိုင်က ပြောသည်။
မော်တော်ယာဉ်တိမ်းမှောက်ခဲ့ပြီးနောက် ကားမောင်းသမားထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မော်တော်ယာဉ်ပေါ်၌ စီးနင်းလိုက်ပါလာသူများသည် ဂရိနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန် စီစဉ်ထားသူများဖြစ်ကြသည်။
ဥရောပနိုင်ငံများသို့ တရာမ၀င်သွားရောက်လိုသူများသည် တူရကီနိုင်ငံမှတဆင့် အဆင့်ဆင့် သွားရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment