ဧရာဝတီ | စက်တင်ဘာ ၁၇၊ ၂၀၀၈
ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် ဘုန်းကြီးတပါး မိမိကိုယ်ကိုယ် ဓားဖြင့်လှီးကာ သေကြောင်းကြံသည်ဟု အေပီသတင်းတရပ်၌ မျက်မြင်သက်သေများကို ကိုးကားဖော်ပြ ထားသည်။
အဆိုပါ ဘုန်းကြီးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
အဆိုပါဘုန်းကြီးသည် ရန်ကုန်မြို့သို့ ဆေးဝါးကုသရန် ရောက်ရှိနေခြင်းဖြစ်ပြီး စရိတ်ပြတ်လပ်လျှက် ရှိသည်ဟု ရွှေတိဂုံ ဂေါပကလူကြီးတဦးက ပြောသည်။
မနက်ဖြန်သည် သံဃာတော်များ သပိတ်မှောက်ကံဆောင်ခြင်း တနှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
လွန်ခဲ့သည့် မတ်လ တပေါင်းလပြည့်ညက ရွှေတိဂုံဘုရား သောကြာထောင့်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတဦးသည်လည်း ကိုယ့်ကိုယ်ကိုယ်ဓာတ်ဆီလောင်းကာ မီးရှို့သေကြောင်းကြံခဲ့ဖူးသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment