အေးလဲ့ | စက်တင်ဘာ ၁၇၊ ၂၀၀၈
စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်(အန်အယ်လ်ဒီ)ဥက္ကဌ ဦးသက်ဝေအား ယမန်နေ့တွင် အာဏာပိုင်းများက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ် လိုက်ကြောင်း မိသားစု က ပြောသည်။
“အဖေ့ကို ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ ပန်းပဲတန်း မြို့နယ် တရားရုံးက တရားသူကြီး ဒေါ်ခင်ခင်သော် က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ်ချလိုက်ပါတယ်”ဟု ဦးသက်ဝေ၏ သားဖြစ်သူက ပြောသည်။
ဦးသက်ဝေမှာ ယခင် ၂၀၀၄ ခုနှစ်အတွင်း ထောင်ကျခဲ့စဉ်က အူအတက်ခွဲရသည့် ဒဏ်ရှိသောကြောင့် ကျန်းမာရေး စိုးရိမ်ရသည်ဟုလည်း ၎င်းက ဆိုသည်။
ဦးသက်ဝေ အသက် (၅၄) နှစ်သည် လောင်စာဆီဈေးနှုန်း ကျဆင်းရေး တကိုယ်တော် ဆန္ဒပြသောကြောင့် နိုင်ငံရေးမှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတား တရားရုံးတွင်ရုံးထုတ်ရာသို့ ယခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေး စစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်း ဆည်းထားသည့် ကွန်ပျူတာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ ခံထားရခြင်းသည်။
ဦးသက်ဝေသည် ၀တ္တရားနှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုများ ဖြင့် စွဲဆိုခြင်းခံထားရသူဖြစ်ပြီး နောက်ပိုင်းတွင် အီလက်ထရွန်းနစ်အမှုကို အာမခံဖြင့် ရုတ်သိမ်းပေးခဲ့ကာ အာမခံဖြင့် နေရသူဖြစ်သည်။
၎င်း ၏ Memory Stick ကို အတုဟု ထွက်ဆိုပါက ဦးသက်ဝေ၏ အမှုများကို ရုတ်သိမ်း ပေးမည်ဟု အာဏာ ပိုင် များဘက်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးသက်ဝေက ငြင်းဆိုခဲ့ ကြောင်းလည်း သိရသည်။
ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်းသန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေး အခင်း မှာတကြိမ် ၊ ၂၀၀၈ ခုနှစ်ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment